Final(Unicode)

72.7K 4.7K 1.3K
                                    

လက်ထပ်မင်္ဂလာ

"အစ်ကို့ သည်ဒီဇိုင်းလေးရော လှလား"

"ပတ်ပတ်လည်မှာအပွင့်အခတ်တွေအများကြီးနဲ့ ရှုပ်မနေဘူးလား"

"အာ့ဆို ဒါလေးရော"

"ဒါလေးက ဒီဇိုင်းလှပေမဲ့ font ကမလှဘူးလားလို့"

"ဟုတ်တယ်နော်၊ ရိုးရိုးကြီး၊ ဟာဗျာ စိတ်ညစ်လာပြီ၊ ဖိတ်စာဒီဇိုင်းတွေကလည်း တစ်ခုလှရင် တစ်ခုကမလှတာချည်းပဲ"

လင်းထက် စိတ်ပျက်လက်ပျက်ရေရွတ်တော့ ထိုလူကြီးက ချော့မော့သလိုဟန်ပြုံးကာ နှာခေါင်းလုံးလုံးအားဆွဲညှစ်လာပါသည်။ မနက်ကတည်းက နှစ်ယောက်သား ဧည့်ခန်း၌ ခေါင်းချင်းဆိုင်ရင်း အထပ်လိုက်သော ဖိတ်စာဒီဇိုင်းပေါင်းစုံထဲမှ လင်းထက်က တစ်စောင်ပြီးတစ်စောင်ဆွဲထုတ်၍ ဦးဆောင်ရွေးချယ်နေခဲ့ပြီး ထိုလူကြီးကတော့ လင်းထက်ပြသမျှအား ခေါင်းတညိတ်ညိတ်ဖြင့် ဝေဖန်အကြံပြုပေး​နေခဲ့ခြင်းဖြစ်သည်။

"ကဲ့ သည်လိုလုပ်၊ ဘေဘီက သည်ဒီဇိုင်းကို ကြိုက်တယ်မဟုတ်လား၊ အာ့ဆို သည်ဒီဇိုင်းကိုမှ font ကကျတော့ ဟိုကတ်ထဲကလိုပုံစံမျိုးကိုသုံးလိုက်"

ထိုလူကြီးကပြောရင်း ဖိတ်စာကတ်နှစ်ခုအား လင်းထက်ရှေ့ယှဥ်ချပေး၏။

လင်းထက် ထိုနှစ်ခုအား ထောင်လျက် ယှဥ်ကြည့်လိုက်သည်။

"အင်းနော် မဆိုးဘူးနော် အစ်ကို့၊ အပေါ်မှာ ပန်းခက်လေးနဲ့အလှဆင်လို​က်လို့ရတယ်"

"ပန်းထည့်မလို့လား ဘေဘီရ၊ ပန်းနဲ့ကျ ကလေးမဆန်သွားဘူးလား"

"ဟင့်အင်း ဆန်ပါစေ၊ ကျွန်တော်ထည့်ချင်တဲ့ပန်းရှိတယ်"

ပြောရင်း လင်းထက် ကျန်ကတ်များကို သာမန်ကာလျှံကာ တစ်ချက်ထပ်ကြည့်လိုက်ပြီး နောက်ဆုံး ထိုလူကြီးရွေးပေးထားသည့် ထိုနှစ်ကတ်ထဲကိုသာ သီးသန့် ဘေးဖယ်ထားလိုက်ပြီး ကျန်တာတွေကို ပုံးထဲပြန်စုထည့်လိုက်တော့သည်။

တော်ပြီ၊ ထပ်မစဥ်းစားချင်တော့။ ဒါပဲရွေးတော့မည်။ ဆက်ကြည့်နေလျှင် ဆက်ရွေးချင်နေဦးမည်မို့ သံယောဇဥ်မြန်မြန်ဖြတ်တာကောင်းသည်။ တစ်မနက်လုံးနီးပါ ရွေးခဲ့ပြီးပြီမို့ ခေါင်းတွေရော မျက်လုံးတွေရော တော်တော်နောက်လာပြီလေ။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now