Chapter-7(Unicode)

71.1K 6.6K 368
                                    


စင်အမြင့်တစ်နေရာရှိ စာရွက်တစ်ရွက်ကို လင်းထက် မမှီမကမ်း လှမ်းယူနေရပြန်သည်။ သည်တစ်ခါတော့ အရင်လို စင်ကို အရမ်းမမှီဖြစ်တော့။ သတိကြီးစွာထား၍ စင်နှင့် ခပ်ခွာခွာမှ ယူဖြစ်သည်။

ပုံမှန်ဆိုလျှင်တောင် မမှီသည့်အရပ်က စင်နှင့်အဝေးကြီးမှယူသောအခါ စာရွက် ထိပ်ဖျားကိုပင်မမှီ။

နှစ်ကြိမ်၊သုံးကြိမ်ခန့်ကြိုးစားပြီးနောက်တော့ လက်မြှောက်ရတာ ညောင်းလာ၍ လက်လျော့လိုက်ရသည်။ ရုပ်ပင်ပျက်ပါစေဦးတော့...ခုံခုပြီးယူဖို့ ဆုံးဖြတ်ရလေတော့သည်။

အခန်းထဲ လူနာကြည့်ရင်းထိုင်သည့် ကော်ခုံလေးကို အားကိုးလိုက်သည်။ ကော်ခုံအကူအညီယူလိုက်တော့ အရပ်က စာရွက်ထက်ပင်ကျော်သွား၍ ပြန်တောင် ကုန်းယူရသည်။

ခုံပေါ်၌ အကြာကြီးရပ်နေရခြင်းကိုရှက်၍ စာရွက်ကိုယူပြီး ပြန်ဆင်းဖို့ အမြန်လှည့်ရာတွင်...

"အမေရေ..."

ခပ်ပျော့ပျော့ကော်ခုံက ခြေမခိုင်စွာ ယိုင်ထွက်သွား၏။

အလန့်တကြားဖြင့် စင်ကို လှမ်းကိုင်ရန် လက်လှမ်းပြီးမှ ပြိုကျသွားရင်ဟူသောအတွေးဖြင့် ချက်ချင်းလို လက်ကို ပြန်ရုတ်လိုက်ပြန်သည်။

ထိုအခါ အမှီသဟဲမရှိတော့သော ခန္ဓာကိုယ်က ခုံပေါ်တွင် အရှိုန်မထိန်းနိုင် ယိမ်းယိုင်ကာ နောက်လန်သွားသည်။ လင်းထက်နောင် နောင်တအကြီးအကျယ်ရသွားသည်။

တကယ်တော့ စင်ပြိုပြိုမပြိုပြို လှမ်းဆွဲလိုက်ရမှာ။

ပြုတ်ကျပြီဟုသော အမှတ်ဖြင့် မျက်လုံးကိုစုံမှိတ်လိုက်စဥ် ခါးကို ပွေ့ထိန်းလိုက်သော လက်တစ်စုံ။

ချက်ချင်းလိုလိုလှုံ့ဆော်သော မသိစိတ်မှ ဒါသည် အားကိုးရာဟု မှတ်ယူလိုက်ပြီး မည်သူမှန်းမသိခင်မှာတင် ထိုသူ၏ ပုခုံးကို လက်ဖြင့် အားကိုးတကြီး သိုင်းဖက်လိုက်မိသည်။

ခုံက ပြိုလဲကျသွား၏။ လူကတော့ ခိုင်မာသော အမှီသဟဲတစ်ခုကြောင့် နာကျင်မှု စိုးစဥ်းမျှမရရှိခဲ့။ 

ရုတ်တရတ် မြန်ဆန်လှသော ဖြစ်ပျက်သွားမှုများကြောင့် လူက လန့်ဖျပ်သွားကာ စက္ကန့်အချို့ထိ ချက်ချင်း အသိမဝင်နိုင်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now