After Marriage(Unicode)

51.7K 3.7K 406
                                    

မီးဖိုဆောင်ထဲ နှပ်ကော်ဖီ၏မွှေးရနံ့က ခပ်သင်းသင်း။ ဤကော်ဖီနှပ်နည်းကို ထိုလူကြီးနှင့် လက်မထပ်ခင်ကတည်းက အမေ့ထံမှ လင်းထက် သင်ခဲ့တာ။ ယခုတော့ ထိုလူကြီးအကြိုက်ကော်ဖီကို မျက်စိမှိတ်နှပ်ပေးနိုင်သည်အထိ တစ်လကျော်ဟူသောအချိန်တို့က သူ့ကို ကျွမ်းကျင်စေခဲ့ပြီ။

ကော်ဖီနပ်ရန် အချိန်ခဏစောင့်ရင်း လင်းထက်အတွေးတို့က အလုပ်သင်ဆင်းစအချိန်တချို့ကို ပြန်မြင်ယောင်မိသည်။ ထိုအချိန်တုန်းက နှပ်ကော်ဖီမှသောက်သည်ဆိုသောလူကြီးက လင်းထက် ကြောက်ကြောက်လန့်လန့်နှင့်တိုက်သည့် အသင့်ဖျော်ကော်ဖီကိုတော့ ရုပ်တည်နဲ့လက်ခံယူသွားခဲ့တာ။

ထိုနေ့က မှတ်မှတ်ရရ မနက်ခင်းပင်ရှိသေးသည်ကို အိပ်ငိုက်လို့ လင်းထက်တို့သုံးယောက်လုံး နားနေခန်းထဲဝင်ပြီး ကော်ဖီဝင်သောက်ကြတာ။ အဲမှာ ဝေဝေက လင်းထက်၏ အီစီကလီမမတွေအကြောင်း လေကြောရှည်ခဲ့တာပင်။

"လင်းထက် မနေ့က ဌာနပြောင်းတွေထဲမှာ ကလေးဆောင် ၂ ကို နင့်မမတစ်​ယောက်ပါလာတယ် သိလား"

"ဟုတ်လား ဘယ်မမလဲ"

"နင့်ရဲ့ခိုင်လေ"

"ခိုင်...ဘယ်ခိုင်လဲ မခိုင်ဇင်ဖူးဝေလား မနှင်းသက်ခိုင်လား"

"ဪ အေး...နင့်မှာ ခိုင်နှစ်ယောက်ဆိုတာ ငါမေ့သွားတယ်၊ ဟို မခိုင်ဇင်ဖူးဝေလေ ဆံပင်တိုတိုနဲ့ နင့်ထက်အရပ်ရှည်တဲ့အစ်မ"

လင်းထက် ကော်ဖီဖျော်နေရင်း ထခုန်မိမတက်ဖြစ်သွားသည်။ ထိုအစ်မက လင်းထက် ဆေးကျောင်းပထမနှစ်ကတည်းက ကြိတ်ခရက်ရှ်ခဲ့ရသူ။ အရပ်ရှည်ရှည် ဆံပင်တိုတိုနှင့် ရှပ်အင်္ကျီခပ်ပွပွကို ပြောင်ထမီတွေနှင့်သာ ဝတ်ဆင်တတ်ပြီး အလွန့် အလွန် မာနကြီးသည့်အပြင် စာမှလွဲ၍ တခြားဂရုမစိုက်ကာ ချေလည်းချေသည်မို့ လင်းထက်အပါအဝင် မည်သူမှကပ်မရ။

ပထမနှစ်မှာ တစ်ခါ လင်းထက် စာသင်ဆောင်ပျောက်၍ လမ်းမေးတုန်းက ဆံပင်ကို လက်ဖြင့်သပ်တင်၍ ဖြေသွားခဲ့ဖူးသည်ကိုပင် လင်းထက်မှာ ဆေးကျောင်းပြီးသည်အထိ တသသဖြစ်နေရတုန်း။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now