Ep - 18

1.7K 140 11
                                    

Unicode

"Baby... မင်းလေး ကျောင်းပြီးမှ ကိုယ်တို့လက်ထပ်ကြမယ်လေကွာ နော်... အခုချက်ချင်းကြီး မဟုတ်ပါဘူး Baby ရယ်... ပြီးတော့ ကိုယ် Baby ချုပ်နှောင်ထားမှာမဟုတ်လို့ Baby လွတ်လွတ်လပ်လပ် နေလို့ရပါတယ်..."

XZ ရဲ့ စကားကြောင့် YB အတန်ကြာ စိုက်ကြည့်နေပြီးမှ "ဟက်!" ခနဲ တစ်ချက်ရယ်လိုက်ရင်း....

"ဟက်..! ခင်ဗျားက တကယ့် $ရူးပဲ...။
ကိုယ့်ကို မချစ်တဲ့ လူတစ်ယောက်နဲ့ လက်ထပ်လိုက်ရင် ခင်ဗျား ပျော်ရွှင်ရမယ် ထင်လို့လား...? ဟမ်!"

"Baby ကိုယ့် အနားမှာရှိနေရင်ကို ကိုယ် ​ကျေနပ်ပါတယ်..."

လူကြီး ရဲ့စကားကြောင့် YB မဲ့ပြုံးတစ်ခုကို ဆင်မြန်းလိုက်ရင်း...

"ခင်ဗျားက တော်တော် အတ္တကြီးတာပဲ...။
အဲ့ဒီလူ ဘက်ကိုရော ခင်ဗျား မကြည့်တော့ဘူးလား...?
သူ မချစ်တဲ့သူနဲ့ အတူနေရတာ သူရော ပျော်မယ်ထင်လား...?"

XZ နှုတ်ခမ်းလေး လှုပ်ရုံသာ ပြုံးလိုက်လျက်...

"သူ့ကို ပျော်ရွှင်စေတာ မှန်သမျှ ကိုယ် အားလုံး လုပ်ပေးမှာပေါ့ Baby ရယ်..."

လူကြီး ရဲ့ အပြောကြောင့် YB ခနဲ့ပြုံးတစ်ခုကို မျက်နှာထက်တွက် လှလှပပချိတ်ဆွဲလိုက်ကာ...

"သူကို ပျော်ရွှင်စေတာက ခင်ဗျားရဲ့ "နာကျင်မှု" ဖြစ်နေမယ်ဆိုရင်ရော...?"

"ကိုယ် ကျေကျေနပ်နပ် နာကျင်ပေးပါ့မယ်...။
သူ့အတွက် ပျော်ရွှင်စေမယ် ဆိုရင်ပေါ့..."

လူကြီးရဲ့ မဆိုင်းမတွ ဖြေဆိုသွားတဲ့ စကားတွေကြောင့် YB ခေတ္တမျှတိတ်ဆိတ်သွား၏။
ထို့နောက်.....

"ခင်ဗျားနဲ့ စကားပြောရတာတော့ ကောင်းပါတယ်...။
ဒါပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ကို လိုအပ်လို့ လက်ထပ်တာ ဆိုရင်တော့ ခင်ဗျား ပြန်သင့်ပြီ Xiao Zhan..."

"Baby... ကိုယ် Baby ကို အဲ့ဒီ ကိစ္စတစ်ခုတည်းကြောင့် လက်ထပ်ယူတာ မဟုတ်တဲ့အတွက် Baby စိတ်ချပါ...။
Baby သာခွင့်မပြုဘူးဆိုရင် ကိုယ် Baby ရဲ့ အသားတောင် မထိပါဘူး..."

လူကြီးရဲ့စကားကြောင့် YB ရဲ့ မျက်ခုံးတစ်ဖက်မြင့်တက်သွားလျက်...

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now