Ep - 22

1.7K 139 18
                                    

Unicode

"Baby နိုးနေပြီလား...?"

ဗန်းတစ်ခုကို ကိုင်ကာ အခန်းထဲဝင်လာသော လူကြီး...။

နိုးလို့ထ,ထိုင်နေတာကို မြင်ရက်သားနဲ့ နိုးနေပြီလား ဆိုတော့....!

လူကြီးရဲ့မျက်နှာကို မကြည့်ချင်တာကြောင့် လက်သီးတင်းတင်းဆုပ်ရင်း မျက်နှာကို တစ်ဖက်သို့ လွှဲထားလိုက်၏။

ညက ကိစ္စကိုပြန်တွေးမိတော့ ရှက်လည်း ရှက်သလို ဒေါသကလည်း ထွက်လာပြန်သည်။

ဆေးရှိန်ကြောင့် သာယာမိခဲ့တဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းသည်။
ဆေးခပ်ပြီး အတင်းသိမ်းပိုက်ခဲ့တဲ့ လူကြီးကိုဆို ပြောမပြတတ်အောင်ကို မုန်းသည်။

ဒီပုံအတိုင်းသာ ရှေ့ဆက်သွားရင် ဒီလူကြီးကို ပိုမုန်းမိလိမ့်မည် ထင်၏။

အကြွေးတင်သွားပြီ...။
အစကလူကြီးကို အတိတ်က ဒဏ်ရာတွေကြောင့် နာကျင်စေချင်တာ...။
ခင်ဗျားက ဒီလိုဆိုတော့လည်း... ဟက်!

"Baby စားဖို့ ကိုယ် ပြင်လာခဲ့တယ်...
စားလိုက်နော်..."

လူကြီးက သူ ကိုင်လာတဲ့ ဗန်းလေးကို ကုတင်ဘေးက စားပွဲပေါ်မှာ လာချပေးရင်း ဆို၏။

"မ စား ဘူး ပြန်ယူသွား!!"

လက်သီး တင်းတင်းဆုပ်ထားရင်း ဒေါသမျက်လုံးတွေနှင့် အံကြိတ်သံတွေပါ ပါနေသည့် Baby ကို ကြည့်ကာ XZ သက်ပြင်းချရုံမှတစ်ပါး...။

ကိုယ် ဘယ်လိုရှင်းပြရပါ့မလဲ ကလေးရယ်...?

"Baby ရယ်... ဒါလေးတော့ စားလိုက်ပါကွာ... နော်...
Baby ဗိုက်ဆာနေမှာပေါ့..."

*ခွမ်း!!*

စိမ်းစိမ်းကားကားကြည့်ကာ စားပွဲပေါ် ချထားသည့် ဗန်းကို ရိုက်ချလိုက်သည့် Baby ရဲ့ လက်...။

အသံနှင့်ထပ်တူ ကျကွဲသွားသော ပန်းကန်များ...။
ပြန့်ကြဲသွားသော စားစရာများ ဖန်ကွဲစများနှင့်အတူ ဖိတ်စင်သွားသည့် ရေတွေ...။

"ခင်ဗျားကို ထွက်သွားလို့ပြောနေတာ လူလို နားမလည်ဘူးလား...?
စားချင်စိတ်လည်း မရှိဘူး...။
ခင်ဗျား မျက်နှာကိုလည်း မမြင်ချင်ဘူး...။
ထွက် သွား!!"

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now