Ep - 3

3.1K 222 15
                                    

[ At Happy New Year Night..! ]

နာမည်ကြီး Bar တစ်ခု၏ တစ်နေရာတွင် အန်နေသော ကောင်လေးမှာ အခုထိအမူးမပြေသေးချေ။
ထိန်းပေးနေတဲ့ Bar ပိုင်ရှင်ကိုတော့ ကျင်းရီ တကယ်ကိုအားနာနေမိသည်။

အခုချိန်ထိ လက်ထဲက အမှိုက်ပုံးကို မချသေးပဲ ကြောင်ကြည့်နေသော လန်ကျင်းရီခမျာ XZ လှမ်းခေါ်လိုက်မှ သတိပြန်ဝင်လာတော့သည်။

"ကောင်လေး...
မင်းသူငယ်ချင်းကို လာခေါ်အုံး..
သေချာလဲ သန့်ရှင်းပေးလိုက်အုံးနော်..
ပြီးရင် မင်းတို့အခန်းထဲကို ကိုယ် သံပုရာရည်ပို့ခိုင်းလိုက်မယ် ဟုတ်ပြီလား?"

XZ ထိုသို့ပြောပြီးနောက် လက်ထဲက အမူးကောင်လေးကို သူ့သူငယ်ချင်းဆီသို့ လွှဲပြောင်းပေးဖို့လုပ်ပေမယ့် မူးနေတဲ့ Baby လေးကတော့ XZ ပုခုံးကိုသာ အားကိုးတကြီးမှီထားကာ လက်ကလဲ XZ လက်မောင်းကို ဆုပ်ကိုင်ထားလျက် သူ့ကိုလာခေါ်နေသော သူငယ်ချင်းဖြစ်သူကို အနားပင်အကပ်မခံပါချေ။

လန်ကျင်းရီခင်ဗျာ သူ့ချစ်သူငယ်ချင်းကြီးငမူးကောင်ကို သေချာကြည့်ကာ....,

"Yibo! ငါ မင်းသူငယ်ချင်း လန်ကျင်းရီလေကွာ... ဟေ့ကောင်! ငါပါကွ!"

ထိုသို့ပြောပြီး ထပ်ခေါ်ပေမယ့် YB ကတော့ XZ အနားကနေ တစ်လက်မလောက်ပင်မခွာပါချေ။

နောက်ဆုံးတော့ Bar ပိုင်ရှင်ဖြစ်သည့် XZ ကပဲ အလျော့ပေးလိုက်ရကာ အမူး Baby လေးကို ကိုယ်တိုင်လိုက်ပို့ဖို့သာပြင်ရလေတော့သည်။

"ကောင်လေး...
မင်းသူငယ်ချင်း တော်တော်မူးနေပြီ..
ကိုယ်ပဲလိုက်ပို့တော့မယ် မင်း သူ့အခန်းပြ"

ကျန့်ကျန့် ထိုအမူးကောင်လေးကိုခေါ်ကာ အခန်းကိုလိုက်ပို့နေသည်အထိ ကျန်းချန်မှာ စကားတစ်လုံးမှ ဝင်မပြောနိုင်ချေ။

ကျန်းချန်မှာတော့ အတွေးပေါင်းစုံနှင့်သာ ကျောက်ရုပ်ကြီးတစ်ရုပ်လို တောင့်တောင့်ကြီးမတ်တပ်ရပ်ကျန်ခဲ့ရသည်။

ကျန့်ကျန့်ရဲ့ပင်ကိုယ်စိတ်လေးက ဖြူစင်ပေမယ့် လူတွေရှေ့မှာတော့ ခပ်တည်တည်မျက်နှာထားနဲ့ ပြတ်သားသော လူတစ်ယောက်ဖြစ်သည့်အလျောက်.. လူတွေရှေ့မှာ သိပ်မထုတ်ပြတတ်သော စိတ်သဘောထားအရ ကျန့်ကျန့်ရဲ့နဂိုစိတ်နဲ့သာဆို အဲ့ဒီမူးနေတဲ့ကောင်လေး သူ့ကိုညစ်ပတ်အောင်လုပ်တဲ့အချိန်ကတည်းက သူသေချာပေါက် အဲ့ဒီငမူးကောင်လေးကို တွန်းမလွှတ်လိုက်ရင်တောင်မှ ဆက်မထိန်းပေးပဲ ကောင်လေးကို အပြစ်တင်စကားတော့ ဆိုကို,ဆိုပေလိမ့်မည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now