Ep - 4

2.7K 208 0
                                    

"ကျွန်တော် စုံစမ်းခိုင်းထားတဲ့ ကိစ္စသိရပြီလား...?"

"........."

"Ok! ကျွန်တော့် E-mail ထဲကိုပို့လိုက်..!
ခင်ဗျားအတွက် သတင်းပိုတိကျရင်တိကျသလိုရမယ်..."

လက်ထဲမှ ဖုန်းအားချပြီးသည်နှင့် ထိုင်နေဆဲခုံပေါ်သို့ ခေါင်းကိုနောက်လှန်ကာမှီချလိုက်သည်။

"စိတ်တော့ဝင်စားစရာပဲ..
မိန်းမတစ်ယောက်ယူပြီး ကျွန်တော့်ကိုမွေးစေခဲ့တဲ့လူက G*y တဲ့လား...? ဟက်!"

နာနာကျင်ကျင် တစ်ချက်ပြုံးလိုက်ရင်း စကားလုံးတွေကို တစ်လုံးချင်းရေရွတ်နေသော ကောင်လေးတစ်ယောက်...။

သေချာပေါက် မျက်ဝန်းအိမ်ထဲမှာတော့ အရည်ကြည်တွေဝေ့ဝဲနေပေလိမ့်မည်။

ကျွန်တော့်မှာ ပါးပါးနဲ့ပတ်သတ်ပြီး နာကျင်စရာအတိတ်တွေရှိခဲ့ဖူးတယ်...။

G*y သား! , ပြီးတော့ G*y လို့ အပြောခံခဲ့ရဖူးတာတွေ...။

ပါးပါးက မိန်းမယူထားပြီး ကျွန်တော့်ကိုတောင်မွေးဖွားလာအောင်လုပ်နိုင်ခဲ့တော့ စွတ်ငြင်းခဲ့မိတဲ့ ကိုယ့်ပါးစပ်ကိုပဲ အခုတော့ ဓားနဲ့ လှီးပစ်ချင်မိတယ်.. ဟက်..!

မိန်းမတောင်ယူထားပြီး ကလေးတစ်ယောက်ရအောင်လုပ်ပေးနိုင်တဲ့ သူဆိုတော့လဲ G*y စစ်စစ်တော့ မဖြစ်နိုင်ဘူးမလား...?

ကျွန်တော့်ပါးပါးက မြူစွယ်ခံခဲ့ရတာပဲဖြစ်လိမ့်မယ်...။

ဟုတ်တယ်... ပါးပါးက G*y အစစ်မဟုတ်ဘူး!! မြှူစွယ်ခံခဲ့ရတာ....!

ကျွန်တော့်ပါးပါးကိုမြူစွယ်ခဲ့တဲ့ လူကိုပဲ ကျွန်တော့်အတိတ်တွေအတွက် လက်စားချေရမယ်...။

မှိတ်ချမိလိုက်သော မျက်ဝန်းအိမ်တွေထဲမှာ နာကျင်မှုတွေအပြည့်ရှိနေသလို သွေးကြောစိမ်းတွေထောင်နေသည်အထိ ခပ်တင်းတင်းဆုပ်ထားမိတဲ့ လက်သီးနှစ်ဖက်မှာလဲ ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေအပြည့်အဝနေရာယူနေ၏။

အဲ့ဒီလိုစကားတွေနဲ့ အပြောခံခဲ့ရတဲ့အချိန်တွေ ၊ လှောင်ပြောင်ခံခဲ့ရတဲ့ အချိန်တွေ ၊ ရန်တွေဖြစ်ခဲ့ရတဲ့ အချိန်တွေမှာ ကျွန်တော် ဘယ်လောက်ထိနာကျင်ခဲ့ရလဲဆိုတာ ခင်ဗျားတို့ မသိဘူး။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now