Ep - 23

2.3K 148 13
                                    

Unicode

"Wow... ကိုယ့်ရဲ့ Baby လေးက တော်လိုက်တာကွာ..."

စားပွဲပေါ်မှာ အစီအရီ ချထားသော ဟင်းပွဲတွေကို XZ ကျေကျေနပ်နပ် ကြည့်လိုက်ပြီး Baby ဘက်ကို လှည့်ကာ လက်မလေးထောင်ပြရင်း ချီးကျူးစကားဆိုလိုက်၏။

Baby ကတော့ လက်ဆေးနေရင်း ကျွန်တော့်ကို တစ်ချက်မျှသာ လှည့်ကြည့်ကာ မျက်နှာလေးကလည်း နဂိုပုံစံအတိုင်း ခပ်တည်တည် အေးစက်စက်...။

Xiao Zhan ကတော့ အပြုံးမပျက် သူ့ရဲ့ Baby လေးကို ဂုဏ်ယူနေလေ၏။

မျက်နှာတည်ထားပေမယ့် လူကြီးရဲ့စကားကြောင့် YB စိတ်ထဲကြည်နူးသလိုလေး ဖြစ်သွားတာကိုတော့ ဝန်ခံပါသည်။

Yibo ဒီအိမ်မှာ နေလာတဲ့ တစ်လျှောက်လုံး ကိုယ့်ကို အသေးအမွှားလေးကအစဂရုစိုက်ပြီး ချီးကျူးပေမယ့် လူမှ မရှိခဲ့ပဲလေ...။

တစ်ယောက်တည်း အထီးကျန်နေခဲ့တာလည်းပါမှာပေါ့ဗျာ...။

ဒါပေမယ့် ဒီအိမ်ကြီးထဲမှာ ကိုယ် တစ်ယောက်တည်း နေရလို့ "အထီးကျန်လား...? တွေ ဘာတွေ?" လာမေးရင်တော့ ကျွန်တော် ညာမိလိမ့်မယ် ထင်တယ်...။

အိမ်မက်ဆိုးတွေကြား အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ နဲ့ အမှောင်ကို ကြောက်တတ်တဲ့ ကျွန်တော့်အတွက် ဒီအိမ်ကြီးက အရမ်းကို တိတ်ဆိတ်လွန်းခဲ့တယ်လေ...။

အခုဆိုရင် ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့တဲ့ ဒီအိမ်ကြီးက အရင်လို ခြောက်ကပ်မနေတော့ဘူး...။

အရမ်းကြီး သာယာနေတာ မဟုတ်ပေမယ့် လူကြီး ရှိနေတော့ 'လုံခြုံတယ်' ဆိုတဲ့ ခံစားချက်လေးက ကျွန်တော့်ကို နွေးထွေးစေတယ်...။

မညာတမ်းပြောရရင် အဲ့ဒီ ခံစားချက်လေးကို ကျွန်တော် သဘောကျမိတာတော့ အမှန်ပဲ...။

Baby ရယ် ကျွန်တော်ရယ် နှစ်ယောက် အတူတူ ချက်ပြုတ်ထားတဲ့ ဒီဟင်းလျာတွေက XZ အတွက်တော့ ဘာနဲ့မှ မလဲနိုင်တဲ့ တန်ဖိုးကြီး အစားအစာတွေပါပဲ...။

(**Baby ကိုယ့်အပေါ် နည်းနည်းတော့ အမြင်ကြည်လာပြီ ထင်ပါရဲ့...**)

XZ ကိုယ့်ဘာသာတွေးရင်း ပြုံးလိုက်မိ၏။

Baby လက်ဆေးပြီး စားပွဲနားကို လျှောက်လာတော့လည်း
Baby ထိုင်မယ့် ထိုင်ခုံလေးကို အသာဆွဲပေးရင်း ထိုင်ရလွယ်အောင် ပြင်ဆင်ပေးဖို့လည်း XZ တို့ မမေ့ပါလေ...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now