Ep - 33

1.8K 106 13
                                    

Unicode

"ကျွန်တော် အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့တယ်မလား...?"

ဆေးပိုက်တွေနဲ့ ကုတင်ပေါ်မှာ ငြိမ်သက်နေဆဲဖြစ်တဲ့ ကိုကို့ရဲ့လက်ကလေးတစ်ဖက်ကို Yibo လက်နှစ်ဖက်နဲ့ယှက်ကာ ဆုပ်ကိုင်ရင်း ခပ်တိုးတိုးဆိုလိုက်သည်။

"ကျွန်တော်က တကယ်မကောင်းတာပဲ..."

ကိုကို့ရဲ့လက်ကလေးပေါ် ခေါင်းအသာမှောက်ချကာ မျက်နှာအပ်ရင်းဆိုတော့ မရင့်ကျက်သေးတဲ့ မျက်ရည်တစ်စက်က ဆေးပိုက်ပေါ်မှတစ်ဆင့် ကိုကို့ရဲ့လက်ကလေးပေါ်သို့ ခုန်ဆင်းလေ၏။

"ကိုကို ကျွန်တော့်ကို စိတ်ဆိုးနေတာလား...? အင်းလေ စိတ်ဆိုးမယ်ဆိုလည်း ဆိုးချင်စရာပါပဲ... နောက်ဆို ကျွန်တော် ကိုကို့စကားကို နားထောင်ပြီး လိမ္မာပါ့မယ်..."

ပြန်လည်ဖြေကြားခြင်းအလျဥ်းမရှိသော စကားဝိုင်းအတွင်း တစ်ယောက်တည်း တီးတိုးစကားတွေပြောနေလေသော လူငယ်တစ်ယောက်.....။

"ကိုကို သိလား...? ကိုကို အိပ်နေတာ တစ်ပတ်နဲ့ငါးရက်တိတိရှိနေပြီ...
ကျွန်တော့်ရဲ့ကိုကို ညောင်းနေတော့မှာပဲ....."

တစ်ယောက်တည်း စကားတွေပြောနေတဲ့ Yibo ကို ဆေးရုံအခန်းမှန်တံခါးကနေ မတ်တပ်ရပ်ကာကြည့်နေတဲ့ လူတစ်ယောက်လည်းရှိနေသေး၏။

ထိုသူကတော့ VVIP Room ကို ဆေးလှည့်ဖို့ တာဝန်ကျနေတဲ့ ဒေါက်တာရှင်းချန်ပင်ဖြစ်လေသည်။

သူများရဲ့ Personal ကိစ္စကိုဒီလိုကြည့်မနေသင့်တာ ရှင်းချန် နားလည်သော်လည်း
လူနာရဲ့အခြေအနေကို ကြည့်ရအုံးမည်ဖြစ်တာကြောင့် မဝင်သွားသေးပဲ ဘာရယ်မဟုတ် ထိုမြင်ကွင်းလေးကို သူ ရပ်ကြည့်နေမိခြင်း။

မြင်ကွင်းထဲက ကောင်လေးရဲ့မှောက်ချထားတဲ့ခေါင်းလေး တဖြည်းဖြည်းပြန်မတ်လာချိန်မှာတော့ ရှင်းချန် သတိပြန်ဝင်လာကာ ကိုယ်ဟန်ဖို့လိုက်ရင်း အခန်းထဲသို့ဝင်ရန်ပြင်ရလေသည်။

*ကျွီ.....*

အခန်းတံခါးဖွင့်သံကြောင့် Yibo သူ့ပါးပေါ်က မျက်ရည်စလေးတွေကို လက်ခုံနဲ့ ခပ်မြန်မြန်ပွတ်ဆွဲကာ သုတ်လိုက်သည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now