⚠ Attention ⚠

1.6K 59 0
                                    


Royal ရဲ့ Reader လေးတွေကို ပထမဦးဆုံးပြောချင်တာကတော့ ဒီ Zhanyi fan fiction လေးကို Royal အနေနဲ့ အကောင်းဆုံး ကြိုးစားပြီး အဆုံးထိ ရေးသားသွားမှာပါလို့...။

(အခုဆို Royal အပိုင်းသစ်တွေကို ဆက်ပြီး Update မပေးဖြစ်တာနဲ့ စာစစ်စရာရှိတာတွေ စစ်ရင်း Return Update ပြန်ပေးနေတာ
ဒီနေ့ (May 29,2021 SAT) မှာ ပြီးသွားခဲ့ပြီပေါ့နော်...XD)

Mes မှာ Royal ကို စကားလာပြောပြီး Update လာတောင်းတတ်ကြတဲ့ သဲငယ်လေးတွေကို တကယ် အားနာမိသလို သတိရပေးတဲ့အတွက်လည်း တကယ်ဝမ်းသာမိပါတယ်။

Fiction လေးတွေကိုပဲတင်မယ် စိတ်ကူးရရာ fiction လေးတွေ ၊ စာတိုလေးတွေကိုပဲ ရေးမယ်ဆိုပြီး သက်သက်ဖွင့်ထားတဲ့ Royal ရဲ့ Acc လေးကလည်း ခုတော့ နိုင်ငံရေး Post တွေ နေရာယူနေခဲ့ပြီလေ...။
(Fb Acc မှာရော Fic Update ပေးတာမို့ပါ)

ဒီလိုအချိန်မျိုးမှာ (ဒီလို Post တွေကြားမှာ)  Fiction တွေကို ကြားညှပ်ပြီး Update မလုပ်ချင်တဲ့ စိတ်ခံလေးကလည်း ရှိနေသေးတော့ Public မလုပ်ပေးဖြစ်သေးတာပါ။

နောက်တစ်ခုကတော့ fiction လေးကို အဆုံးထိ အကောင်းဆုံး ရေးသားနိုင်ဖို့အတွက် Ep အသစ်တွေကို ကြိုရေးနေပါတယ်လို့လာပြောပြတာပါဗျ။

အပိုအနေနဲ့ အရင် Ep တွေကိုပါ ဖတ်ရတာအဆင်ပြေအောင် ပြင်ဆင်ပေးနေတာဖြစ်ပြီး Update တစ်ခါပေးတိုင်း စစ်နိုင်သလောက် စစ်ထားခဲ့တဲ့ စာလုံးပေါင်းသတ်ပုံလေးတွေကိုလည်း တစ်ခေါက်ပြန်ပြီး စစ်ပေးနေပါတယ်လို့...။

Royal ရဲ့ *အမုန်းအား ဥပေက္ခာပြု၍* Fanction လေးကို ဖတ်ရှုပေးကြတဲ့ Silent Reader တွေ အပါအဝင် Vote ပေးကြတဲ့ Reader လေးတွေ ၊ Ment ရေးပေးကြတဲ့ Reader လေးတွေ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို Royal စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်ဗျာ။
RL လေးတွေအတွက်လည်း တကယ်ကျေနပ်ရသလို Follower လေးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျ။

စာကြွင်း... အဆင်ပြေရဲ့လားတွေဘာတွေမေးတာထက် အားလုံးကို အစစအရာရာ ဂရုစိုက်ဖို့ပဲ ပြောချင်ပါတယ်။
ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြပါ။

အများကြီး မပြောတော့ပါဘူး။
Royal နဲ့ Fb မှာ fri ဖြစ်တဲ့ သူလေးတွေ ၊ Royal နဲ့ စကားပြောဖူးတဲ့ သူလေးတွေဆို သိကြမှာပါနော်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now