Ep - 2

3.9K 250 1
                                    

".....! 5..! 4..! 3..! 2..! 1..!"

"Happy New Year!!!"

"Happy Birthday Wang Yibo!!"

ခေါင်မိုးထပ်တစ်နေရာမှ မွေးနေ့ပွဲကျင်းပနေသော လူငယ်တစ်စုသည် မြို့လယ်ခေါင်ရှိ ကိန်းဂဏန်းတွေကို နောက်ပြန်ရေတွက်နေသော တိုက်မြင့်ကြီးအားကြည့်ကာ ပျော်ပျော်ပါးပါး အော်ဟစ်နေကြလေသည်။

ဒီနေ့ ကျွန်တော့်အသက် 20 ပြည့်ပြီ။

အရင်နှစ်တွေက မွေးနေ့ပွဲကို မားနဲ့အတူ ကျင်းပခဲ့ပေမယ့် မား မရှိတော့တဲ့နောက် သူငယ်ချင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်ခဲ့သည်။

ဒီနှစ်တော့ မွေးနေ့ပွဲကို ကျွန်တော့်အိမ်မှာ မလုပ်တော့ပဲ ကျွန်တော့်သူငယ်ချင်း 'လန်ကျင်းရီ' ရဲ့ အကြံပေးကောင်းမှုကြောင့် ဖွင့်တာမကြာသေးတဲ့ နာမည်ကြီး Bar တစ်ခုရဲ့ ခေါင်မိုးထပ်မှာ မွေးနေ့ပွဲကျင်းပနေခြင်းဖြစ်၏။

"Yibo! မင်း ခုနကဘာဆုတောင်းလိုက်တာလဲ...?"

ထုံးစံအတိုင်း ခပ်စွာစွာနှင့်စပ်စုတတ်သော လန်ကျင်းရီက ရိပေါ်ကို လှမ်းမေးလေ၏။

ကျွန်တော် ဖယောင်းတိုင် မမှုတ်ခင်ဆုတောင်းကိုများ သူတို့သိသွားရင် ကျွန်တော့်ကို လှောင်ရယ်နေမလားလေ...။
အူကြောင်ကြောင်နိုင်တဲ့ ဆုတောင်းဆိုပြီးတော့... ဟက်!

"ဆုတောင်းကို သူများပြောပြရင် မပြည့်ဘူးတဲ့ကွ!"

ကျွန်တော်လဲ ပြန်ပြောလိုက်ရော ကျင်းရီက မချိပြုံးလေးပြုံးပြကာ စကားလမ်းကြောင်းလွှဲသွားလေတော့သည်။

"အေးပါကွာ မင်းကလဲ...
ဒါဆို Happy Birthday Wang Yibo!
Happy New Year!
Cheer!! သောက်လိုက်ကြစို့!!"

ဝိုင်ခွက်လေးတွေကို ကိုယ်စီကိုင်မြှောက်ကာ တိုက်လိုက်ကြပြီး မွေးနေ့ပွဲကို အရှိန်မြှင့်လိုက်လေသည်။
သူငယ်ချင်းတွေကလဲ ကျွန်တော့်ကို မွေးနေ့ဆုတောင်းစကားတွေ ပြောပေးကြ၏။
သူတို့အားလုံး စားလိုက်ကြ သောက်လိုက်ကြ စကားတွေပြောလိုက်ကြနှင့် အတော်လေးကို ပျော်နေကြလေသည်။

ဝိုင်ခွက်လေးကို မသောက်ပဲ လက်ကလေးနဲ့ ဟန်ပါပါလှည့်ကာ မွေးနေ့ပွဲအတွင်းမှ ရိပေါ် ထွက်လာလိုက်သည်။
Bar ရဲ့ ခေါင်မိုးထပ်မှနေပြီး အောက်ခြေတွင်ရှိနေသော မြို့အလှကို မျက်တောင်မခတ်ငေးကြည့်မိ၏။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now