Ep - 10

3K 159 0
                                    

Unicode

"ကျွန်တော်တို့ ဒီကိစ္စကိုမေ့လိုက်ကြရအောင်"

"ဟင်..."

တိတ်ဆိတ်နေသော အခန်းငယ်လေးထဲသို့ YB ရဲ့အသံဩဩလေးက ပထမဦးဆုံး တိုက်ဖျက်လိုက်၏။

XZ က သူ့ကို မယုံနိုင်သလိုကြည့်ကာ "ဟင်" တစ်လုံးသာ ဆိုလျက်...။

XZ က ကုတင်ဘေးက အခန်းရဲ့နံရံမှာ ခပ်လျော့လျော့လေး မတ်တပ်ရပ်လျက်မှီနေပြီး YB ကတော့ ကုတင်အစွန်းမှာ တင်ပျဥ်ခွေကာ ထိုင်လျက် ရှိနေကြ၏။

"ဘာလဲ...? ခင်ဗျားက ဒီကိစ္စကြီးကို မှတ်သားထားချင်လို့လား...? နှစ်ယောက်လုံး ယောကျာ်းလေးတွေပဲဗျာ... စိတ်ပါသွားလို့ ဖြစ်သွားတယ်ပဲ သဘောထားလိုက်ပါ..."

ခံရတဲ့ YB က ခပ်ပေါ့ပေါ့ ပြောနေသော်လည်း XZ ကတော့ တစ်ခွန်းမှ ဝင်မပြောနိုင်သေးပေ...။

နံရံကို ခပ်လျော့လျော့လေးမှီကာ လက်ကလေးပိုက်လျက် ထို Baby လေး ပြောသမျှနားထောင်နေမိ၏။

(**ဟက်! ဒီ Baby လေးက မလွယ်ကြောပဲ...**)

နှစ်ယောက်စလုံး နေ့လည်လောက်မှာ နိုးလာကြသော်လည်း အမှတ်တမဲ့ ဖြစ်ခဲ့တာမျိုး မဟုတ်တာကြောင့် အခြေအနေတွေက ရုပ်ရှင်ထဲကလို အလန့်တကြားဖြစ်မသွားကြ...။

တစ်ယောက်ကိုတစ်ယောက် ရှိန်းတိန်းတိန်းတော့ဖြစ်မိကြသား...။

နှစ်ယောက်စလုံး အင်္ကျီ၊ဘောင်းဘီတွေအစုံကောက်ဝတ်ပြီးမှ YB က အခန်းရဲ့ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ခြင်းဖြစ်သည်။

ညက XZ လည်း ကိစ္စပြီးတော့ Baby ကို ရေချိုးသန့်စင်ပေးခဲ့သည့်အတွက်ကြောင့် နှစ်ယောက်လုံး နိုးလာတော့ Barthroom ဝတ်စုံအဖြူကြီးနဲ့သာ နိုးထ,လာကြ၏။

နောက်မှ အင်္ကျီဘောင်းဘီအစုံ ပြန်ဝတ်ထားကြကာ စ,ပြောရမည့်စကားကို ရှာနေပေမယ့် XZ လည်း ဘာကစ,ပြောရမှန်းမသိဖြစ်နေလေ၏။

Yibo ဘက်ကသာ မေ့ပစ်ဖို့ စကားစ,လာ၏။

ယောကျာ်းလေးတွေပဲ ဆိုတဲ့အသိကလည်း နှစ်ယောက်လုံးရဲ့ခေါင်းထဲမှာ နေရာယူထားကြလျက်...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now