Ep - 37 Final

3.9K 142 22
                                    

Unicode

"Baby... ကလေးလေး! Baby!"

"ဗျာ ကိုကို...!
ကျွန်တော် ဒီမှာ..."

ရေချိုးခန်းထဲကနေ ကိုယ့်ခေါ်သံကြောင့် အလန့်တကြား ပြေးထွက်လာရင်း အသံပေးလာသည့် ကလေးငယ်ကို ကြည့်ကာ Xiao Zhan ဘာမှမစဥ်းစားနိုင်တော့ပဲ ကုတင်ပေါ်ကနေ အပြေးတပိုင်းဆင်းပြီး ထွေးပွေ့ထားလိုက်မိသည်။

Yibo ကတော့ ကိုကို့ရဲ့အော်ခေါ်သံနဲ့ အပြုအမူတို့ကြောင့် ဖတ်ထားတဲ့အတိုင်း တောင့်တောင့်ကြီးသာ ရပ်နေမိသည်။

"ကြောက်နေခဲ့တာ..."

လွတ်ထွက်သွားမည့်အလား တင်းကြပ်နေအောင် ဆွဲဖတ်ထားရင်း ပုခုံးပေါ်မျက်နှာအပ်ကာ ဆိုလာသော စကားတစ်ခွန်းက
'ကြောက်နေခဲ့တာ...' တဲ့လား...??

ကိုကိုရာ..........။

"ကိုကို...
ကျွန်တော် ဘယ်မှမသွားဘူးနော်...
ကျွန်တော် ကိုကို့အနားမှာပဲ အမြဲတမ်းရှိနေမှာ..."

ကိုကို့ကျောပြင်လေးကို Yibo လက်ကလေးနဲ့ ခပ်ဖွဖွပွတ်ပေးရင်းဆိုတော့ ပုခုံးထက်က ခေါင်းလေးက တဆက်ဆက် ငြိမ့်ပြလာတာကို ခံစားမိပါ၏။

ကျွန်တော် တကယ် ကြောက်နေခဲ့တာ...။

ကိုယ် နိုးလာတော့ ဘေးမှာ လစ်ဟာနေတဲ့ နေရာလေးက ကိုယ့်ဦးနှောက်ထဲကို အချက်ပေးသံတွေ အလုံးအရင်းနဲ့အတူ ဆူညံစေခဲ့တယ်။

ထိုအချိန် ဦးနှောက်ထဲ လုံးဝကို ဗလာဖြစ်သွားခဲ့ပေမယ့် 'Baby သာ ထွက်သွားခဲ့ရင်' ဆိုတဲ့ အသိကတော့ မုန်းစရာကောင်းလောက်အောင်ကို တွယ်ငြိနေခဲ့ပြန်တယ်...။

မယုံလို့တော့ မဟုတ်ဘူး။
မယုံရဲတာ...။
Baby ကိုတော့ မဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုပဲ မယုံကြည်ရဲတာ...။
ပြီးတော့ ရုတ်တရက် ပြောင်းလဲသွားတတ်တဲ့ ကံကြမ္မာကိုရော.....။

"ကျွန်တော် နိုးတော့ ကိုကို အိပ်ပျော်နေတုန်းမို့ မနှိုး..."

"ကိုယ့်အနားမှာပဲရှိနေပေး..."

Yibo ပြောမယ့်စကားတွေက ကိုကို့ရဲ့စကားတစ်ခွန်းအောက်မှာပင် ခယပြိုလဲသွားရသည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now