Ep - 5

2.5K 194 4
                                    

*ဒေါက်..! ဒေါက်..!*

အခန်းတံခါးခေါက်သံကြောင့် YB ဆိုဖာပေါ်မှ ထ,ကာ အခန်းတံခါးသွားဖွင့်ပေးလိုက်သည်။

တံခါးဖွင့်လိုက်တော့ အခန်းရှေ့မှာ မတ်တပ်ရပ်နေသည်က လန်စစ်ကျွေးနှင့်လန်ကျင်းရီ ဆိုသော လန်ဝမ်းကွဲညီအကိုနှစ်ယောက်...။

စစ်ကျွေးနဲ့ကျင်းရီက ညီအကိုတစ်ဝမ်းကွဲတွေ ဆိုပေမယ့် အကျင့်စရိုက်ချင်းတော့ အလွန်ကွာခြားကြသည့် ညီအကိုတွေပင်။

စစ်ကျွေးက အကောင်းမြင်စိတ်ထားပြီး သူတစ်ပါးအပေါ် ချိုချိုသာသာပြောဆိုဆက်ဆံတတ်သလောက်...
ကျင်းရီကတော့ သူများကို အနိုင်ကျင့်တတ်ပြီး ခပ်စွာစွာပဲပြောဆိုတတ်သူဖြစ်၏။

သူတို့လာတဲ့ အကြောင်းအရင်းကိစ္စကိုသိနေတဲ့ YB ကပဲ ထိုအညီကိုနှစ်ယောက်ကို စကားစ,ပေးလိုက်သည်။

"ငါ အိမ်မပြန်သေးဘူး..
ဒီမှာပဲဆက်တည်းအုံးမယ်..
မင်းတို့ချင်ရင်ပြန်ကြတော့..."

YB အပြောကြောင့် စစ်ကျွေးနဲ့ကျင်းရီက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကာ စစ်ကျွေးက....,

"မင်း ကျောင်းကိုရော..?"

"ငါ ကားရော ဆိုင်ကယ်ရောမှာထားပြီးပြီ..
ကျောင်းအတွက် စိတ်မပူနဲ့...
ငါ ဒီမှာလုပ်စရာကိစ္စလေးတွေရှိနေသေးလို့..."

ထိုအခါ လန်ကျင်းရီက ရိပေါ်ကို ခပ်စေ့စေ့စိုက်ကြည့်လာကာ သူ့မူပိုင်အသံခပ်စွာစွာဖြင့်....,

"အေး... ညက မင်းကို ဘယ်သူလိုက်ပို့တာလဲ မှတ်မိလား...?"

ကျင်းရီအပြောကြောင့် ရိပေါ်ခနစဥ်းစားလိုက်ပြီးနောက် ညကအကြောင်းတွေကို ခေါင်းထဲခပ်ရေးရေးပြန်ပေါ်လာသော်လဲ အသေးစိတ်သေချာပြန်မမှတ်မိတော့တာမို့ မေးခွန်းပြန်ထုတ်လိုက်သည်။

"မင်းလိုက်ပို့တာ မဟုတ်ဘူးလား...?"

"ဘယ်ကသာ...
မင်းက ငါ့ကိုအနားတောင် အကပ်မခံဘူးကွ! မကျေနပ်ဘူးကွာ..!
ဘယ်လောက်ပဲမူးမူး မင်း ငါ့ကိုတော့ မှတ်မိသင့်တယ်မလား? အမောင်ရိပေါ်!!"

ကျင်းရီရဲ့မကျေမနပ်အပြောကို ရိပေါ် ဂရုမစိုက်ဟန်ပြာကာ သူသိချင်ရာကိုသာထပ်မေးလိုက်သည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now