Ep - 9 🔞💥

5K 188 0
                                    

Warning 🔞⚠

Unicode

Anniversary ရဲ့အရေးကြီးဆုံးဖြစ်တဲ့ Cake လေးမှာ တလက်လက် တောက်ပနေတဲ့ အဖိုးတန်ဆွဲကြိုးလေး ထည့်ပြီးတာနဲ့ ပွဲလေးက ပြီးပြည့်စုံသွားပါပြီ...။

"လီရှန်း" က ကျွန်တော့်အတွက် အရေးပါတဲ့ လူတစ်ယောက်ပါ...။
ဒါကြောင့် ကျွန်တော် သူမကို တန်ဖိုးထားပါတယ်...။

"လီရှန်း" ကို ကျွန်တော် Ph ဆက်ပြီးခေါ်တော့ "စားသောက်ဆိုင်" ဆိုတဲ့ စကားကြောင့် သူမဘက်က အတော်ကြာတိတ်ဆိတ်သွားလေ၏။

ကျွန်တော် သိတာပေါ့ "လီရှန်း" 1 yr Anni အတွက် ဘာတွေမျှော်မှန်းထားလဲဆိုတာ...။

သူငယ်ချင်းဖြစ်လာတဲ့သက်တမ်းကလည်း နည်းတာမဟုတ်တော့ 1 yr anni မှာပင် သူမအများကြီး မျှော်မှန်းထားပုံရသည်။

"လီရှန်း" က ကျွန်တော့်ကို ချစ်သလို အရမ်းလည်း ဂရုစိုက်ပါတယ်...။

ဒါပေမယ့် ကျွန်တော် သူမအပေါ်မှာ ထူးထူးခြားခြားခံစားချက်မျိုးမရှိဘူးဗျ...။

"လီရှန်း" က ကျွန်တော့်အတွက် သူငယ်ချင်းကောင်းတစ်ယောက် အခက်အခဲတွေကို ရင်ဖွင့်လို့ကောင်းတဲ့ လူတစ်ယောက်အဖြစ်သာ တည်ရှိသည်။
ဒါကြောင့် ကျွန်တော် သူမနဲ့ပတ်သတ်ပြီး ဆုံးဖြတ်ချက်တစ်ခုချထားသည်။

"လီရှန်း" ကျွန်တော့်ကို ချစ်သလောက် ကျွန်တော့်ဘက်က ပြန်ချစ်ပေးနိုင်တဲ့အချိန်ကျမှ ကျွန်တော် "လီရှန်း" ကို လက်ထပ်မယ်လို့...။

So.., ကျွန်တော် Anni ကို Hotel မှာ ကျင်းပမဲ့အစား နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်ခဲ့တယ်...။

Anni အတွက် "လီရှန်း" ကို ပေးမဲ့လက်ဆောင်နေရာမှာ လက်စွပ် အစား စိန်ဆွဲကြိုးတစ်ကုံး နေရာယူထားခဲ့တယ်...။

ကျွန်တော် လီရှန်းကို ပြန်ချစ်နိုင်အောင် ကြိုးစားကြည့်ပါဦးမယ်...။

ဒါပေမယ့်ပေါ့.....
သူမကဘယ်လောက်ပဲ အဘက်ဘက်ကပြည့်စုံတဲ့ မိန်းမလှလေးဖြစ်နေပါစေ...

ကျွန်တော်ဆိုတာကလည်း လေးလေးရဲ့တူတော်မောင်ဖြစ်သည့်အလျောက် ခံစားချက်ကို ဦးစားပေးတတ်သူမို့...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now