Ep - 34

2K 113 13
                                    

Unicode

'နောင်တဆိုတာ နောင်မှရတယ်' တဲ့.....။

ကျွန်တော်ကရော အဲ့ဒီနောင်တတွေအတွက် ပြန်လည်ပြင်ဆင်နိုင်ဖို့ အခွင့်အရေးရှိသေးလား...?

မှားခဲ့ပါတယ်...
ကျွန်တော် ကိုကို့အပေါ် အများကြီး မှားခဲ့တယ်.....။

အမှားကို သိချိန်မှာရော အမှန်ပြင်နိုင်လိမ့်ဦးမည်လား...?

လက်ထဲက Diary စာအုပ်လေးကတော့ ကျွန်တော့်ကို လှောင်ရယ်နေလေရဲ့.....။

ငယ်ငယ်တုန်းက အဲ့ဒီလိုအချိန်တွေမှာ ကိုကို တကယ်ခက်ခဲခဲ့မှာပဲ...။
အရွယ်နဲ့မလိုက်အောင် ပင်ပန်းနေခဲ့ရှာမှာ.....။

တောင်းပန်ပါတယ် ကိုကို...
ကျွန်တော် တကယ်တောင်းပန်ပါတယ်ဗျာ.....။

ကျွန်တော်က တဖက်သတ်နာကျင်စေခဲ့တဲ့ တစ်ကိုယ်ကောင်းသမားပဲ...!

အဲ့ဒါတွေအပြင်.....
ကျွန်တော် အရင်က ကိုကို့အပေါ် လုပ်ခဲ့တဲ့ကိစ္စတွေအားလုံး ကိုကို့ဆီကို သတင်းအတိအကျ အရင်ရောက်နေပါရက်နဲ့...!
ကျွန်တော် 'ဘာတွေ ဆက်လုပ်မယ်' ဆိုတာ ကြိုမြင်နေပါရက်နဲ့...!
'ကျွန်တော် ဘယ်ခြေလှမ်းတွေလှမ်းနေလဲ' ဆိုတာ သိနေပါရက်နဲ့...!

အားလုံးကို သိနေပါရက်နဲ့ ကိုကိုရာ.......။

'ကျွန်တော်က ဘယ်လိုကောင်လဲ' ဆိုတာ ကိုကို သိနေပါရက်နဲ့...!
'ကျွန်တော့်လိုကောင်ကို ချစ်တယ်' တဲ့လား...??!
ကျွန်တော့်လိုကောင်ကိုလေ....!

ကျွန်တော့်မှာ ဘာတွေကများ ကောင်းကွက်တွေရှိနေလို့လဲ...?!

ပြီးတော့.....
'ကိုကိုက B to B love တွေကို မယုံကြည်ဘူး' တဲ့.....။

ဒါပေမယ့် ကိုကိုကပဲ Diary book လေးမှာ ထပ်လောင်း ရေးသားခဲ့ပြန်တယ်...။

'ကျွန်တော့်ကိုတော့ ယုံကြည်ချင်ပါတယ်' တဲ့လေ...။

ကျန်းဦးလေးပြီးရင် သူ ယုံကြည်မိတဲ့ ဒုတိယနဲ့နောက်ဆုံး လူတစ်ယောက်ဟာ ကျွန်တော်ဆိုတဲ့ Wang Yibo ပါတဲ့.....။

ကျွန်တော့်အပေါ်ကို ခံစားချက်တွေရှိလာတော့လည်း အဲ့ဒီစိတ်တွေနဲ့ ကိုကိုက မရူးမိုက်ခဲ့ဘူး။
မပစ်ပယ်ခဲ့ဘူး။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now