Ep - 20

1.9K 132 5
                                    

Unicode

~~Last Exam Day~~

"ကျွတ်ပြီ လွတ်ပြီကွ..! ဒန့် ဒန့်~~~"

စာမေးပွဲခန်းထဲက ထွက်လာလာချင်း အမောင် "လန်ကျင်းရီ" တို့ကတော့ စာမေးပွဲပြီးတာကို အပျော်လွန်ပြီး သံစုံအော်လို့ ဒွန့်နေလေ၏။

"ဒန့် ဒန့်~~ လုပ်မနေနဲ့ စာမေးပွဲကျလို့ ကျောင်းကြီးက လက်ပေါက်ပြီး 'လာ.. လာ..' လို့ခေါ်နေမှ... ဟုတ်ပေ့ဖြစ်နေမယ်..."

ကျင်းရီ ဒွန့်နေပုံကို စစ်ကျွေးက မျက်စိစံပင်မွှေးစူးသည့်အလား မျက်နှာမဲ့ပြီး လက်ကနေလည်း 'လာ လာ' ဆိုသည့်နေရာကို လက်မြှောက်ကာ တကယ် ယက်ခေါ်သလိုပုံစံလုပ်ပြရင်း ပြောလေ၏။

"နိမိတ်မရှိ နမာမရှိ "လန်စစ်ကျွေး" ရာ... စာမေးပွဲအပြီး ခနလေးတောင် ပျော်ခွင့်မပေးဘူး... ဟွန့်!"

"မင်း လုပ်နေပုံလည်း ကြည့်ဦးလေ... တစ်သက်လုံး အငြိမ်းစားရသွားတာကြနေတာပဲ..."

"ဘာဖြစ်လဲ? အဲ့တော့... ဒန့် ဒန့်~~~"

ဒါပါပဲ...။
"လန်စစ်ကျွေးနဲ့လန်ကျင်းရီ" ဆိုတဲ့ လန်ညီကိုဝမ်းကွဲနှစ်ယောက်က...
မတည့်အတူနေ မမြင်ချောင်းကြည့်တဲ့ အမျိုးတွေပါ...။

"Yibo မင်း လူကြီးကား မမြင်ဘူးနော်... ဒီနေ့ မလာဘူးလား...?"

"မလာလို့နေမှာပေါ့..."

"ဟင် မင်းစကားကလည်း... ဘာကြီးတုန်း...?
လာရင်လာတယ် မလာရင်မလာဘူးပေါ့..."

"ကျင်းရီ" ရဲ့ စကားကို YB ဖြေချင်စိတ်မရှိတော့တာကြောင့် စကားပြန် မပြောတော့...။

အကြောင်းသိသော "စစ်ကျွေး" က "ကျင်းရီ" ကို တံတောင်နဲ့ ခပ်ဆက်ဆက်တွက်လိုက်ကာ...

"မင်း မမြင်ဘူးမလား...?"

"မမြင်လို့ မေးတာပေါ့..!!"

"မမြင်မှတော့ မလာလို့ပေါ့ ငတုံးရဲ့..!!"

"ကျင်းရီ" အော်ပြောသလောက် "စစ်ကျွေး" ကလည်း အားကျမခံပြန်အော်လေ၏။

YB ကတော့ သူတို့ညီကို နှစ်ယောက်ကို ကြည့်ပြီး စိတ်ပျက်ဟန် ခေါင်းတခါခါလုပ်နေလိုက်သည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now