Ep - 27

1.4K 102 3
                                    

Unicode

မှောင်မိုက်နေသော ပတ်ဝန်းကျင်...။
စိမ်းသက်နေသော နေရာရပ်ဝန်းတစ်ခု...။

သူ ဘယ်တွေရောက်နေတာလဲ...?

ကြယ်ရောင် ၊ လရောင်အားကိုးဖြင့် မှိန်ပျပျသာ မြင်နေရသော လမ်းကလေးရဲ့ထိပ်မှာ သူ လှမ်းမြင်နေရသည်က သစ်သားနှင့်ပြုလုပ်ထားသော တံတားလေးတစ်စင်း...။

သူ့နေရာ သူ့ရပ်ဝန်းနှင့်တော့ အတော်လေးကို သာယာလှပသောနေရာလေးတစ်ခုပါလေ...။

XZ သစ်သားတံတားလေးပေါ်ကို လှမ်းကြည့်လိုက်တော့ တံတားရဲ့အလယ်လောက်မှာ တံတားလက်ရန်းပေါ်ကို လက်နှစ်ထောက်ကာ မတ်တပ်ရပ်နေသော ကောင်လေးတစ်ယောက်...။

တံတားပေါ်ကနေ ကန်ရေပြင်ကို ခပ်တွေတွေလေး ငေးကြည့်နေသော ထိုကောင်လေး...။

ဘေးတစ်စောင်း အနေအထားလေးနှင့်မြင်နေရတာတောင် ဘယ်သူလဲဆိုတာ ခန့်မှန်းနေစရာမလိုအောင် လရောင်အောက်မှာ တောက်ပနေသည့် XZ ရဲ့ နှစ်ယောက်မရှိတဲ့ အဖိုးတန် Baby လေးပါလေ.....။

Baby လေးကရော ဒီကို ဘယ်လိုရောက်လာတာလဲ...?

XZ တံတားပေါ်ကို တက်ရန်ပြင်တော့ Baby လေးဆီကနေ ခပ်သဲ့သဲ့ပျံ့လွင့်လာတဲ့ စကားသံလေးကို ကြားလိုက်ရတာကြောင့် အပေါ်ကိုတက်မယ့်သူ့ခြေလှမ်းတွေ ရပ်တန့်သွားမိသည်။

"ကိုကို..."

"ဟင်?"

ခပ်တွေတွေလေးငေးနေရင်းကနေ တိုးသဲ့သဲ့ထွက်ပေါ်လာတဲ့ အသံလေးညင်းညင်းလေးက "ကိုကို" တဲ့လား ကလေးရယ်...။

သစ်သားတံတားလေးရဲ့လက်ရန်းပေါ်ကို တံတောင်ဆစ်ကွေးကာ လက်နှစ်ဖက်ကို ယှက်ရင်း ထောက်ထားတဲ့ ကောင်လေးရဲ့ကျောပြင်လေးဟာ တစ်ဖြည်းဖြည်းတုန်ရီလာသည်ကို Xiao Zhan မြင်နေရသည်။

Baby ငိုနေတာလား...?
မငိုပါနဲ့ ကလေးရယ်.....။

XZ Baby လေးကိုကြည့်နေရင်းပင် သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေလည်း 'စူးခနဲ' နာကျင်မှုနဲ့အတူ အောင့်တက်လာလေသည်။

ဘာလို့ငိုနေရတာလဲ ကလေးရယ်...?
မငိုပါနဲ့ကွာ.....။

XZ Baby လေးရှိရာ သစ်သားတံတားလေးပေါ်ကို ပြေးတက်လာပေမယ့် တံတားလေးသည် သူပြေးလာလေလေ ပိုဝေးသွားသွားလေလေဖြစ်နေလေသည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now