Ep - 35

1.9K 120 10
                                    

Unicode

ကိုကို နဲ့ ကျွန်တော် ဆေးရုံရောက်လာကြတာ
ဒီနေ့ဆို 3 ပတ်တင်းတင်းပြည့်လေပြီ။

ကိုကို နိုးလာခဲ့တဲ့ ရက်နဲ့တွက်ရင်တော့ ဒီနေ့ဟာ 4 ရက်မြောက်နေ့ပေါ့...။

ကျွန်တော့်ရဲ့ အသေးစိတ်ကအစဂရုစိုက်မှုလေးတွေကြောင့် အခုဆို ကိုကိုလည်း 'အများကြီး သက်သာနေတယ်' ဆိုတာထက်ကိုပိုပြီး ကျန်းမာလာသည်။

တစ်ခါတစ်လေဆို မထင်ရင်မထင်သလို ချွဲတတ်တဲ့ လူနာကိုကိုကြောင့် Yibo မှာ ချစ်မဝဖြစ်ရပါသေးသည်။

နေမကောင်းဖြစ်မှ ပိုချွဲတတ်လာတဲ့ ကိုကိုရဲ့မျက်နှာတစ်ဖက်ခြမ်းလေးက 'အရင်အချိန်တွေတုန်းကလည်း သူ့ဆီမှာ ဒီလိုလေး နေချင်ခဲ့တာလား...?' လို့ တွေးမိတိုင်း Yibo ကိုယ့်ကိုယ်ကို မချင့်မရဲဖြစ်မိပါ၏။

ဆေးရုံအုပ်ကဆိုလျှင် နောက်တစ်ရက် နှစ်ရက်လောက်နေရင် 'ဆေးရုံက ဆင်းလို့ရပြီ' တို့ ၊ 'မြန်မြန်နေပြန်ကောင်းလာတာ တကယ်အံ့ဩဝမ်းသာစရာပဲ' တို့ပင် ပြောနေလေပြီ။

ထိုကဲ့သို့သော စကားတွေကြားတိုင်း ကိုကိုက ခပ်ပြုံးပြုံးလေးပဲ ပြန်ဖြေတတ်၏။

'အနားမှာ စိတ်ချမ်းသာစရာလေးရှိနေလို့ မြန်မြန်နေပြန်ကောင်းလာတာ' ဟူ၍...။

'ကျွန်တော်က ကိုကို့ရဲ့စိတ်ချမ်းသာစရာလေးပါ' တဲ့လေ.....။

ဆေးအရှိန်နဲ့ မှိန်းနေတဲ့ ကိုကို့ရဲ့မျက်နှာချောချောကို Yibo တစိမ့်စိမ့်ငေးရင်း စက္ကန့်နဲ့အမျှ အချစ်ပိုရသည်။

Yibo ရဲ့လက်တစ်ဖက်ကို အမြဲတမ်း ခပ်တင်းတင်း ဆုပ်ကိုင်ပြီးမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တတ်တဲ့ ကိုကို့ကြောင့်
'သူ့အနားက ကိုယ် ထွက်သွားမှာ ကြောက်နေသေးတာလား...?' ဟု အတွေးဝင်လာမိတိုင်း ထွက်ပြေးခဲ့မိတာတွေအတွက် Yibo စိတ်ထဲမှာလည်း အမြဲတမ်းနောင်တရနေမြဲ...။

အခုလည်း သူ့ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်ကာ အိပ်ပျော်နေပြီဖြစ်သော ကိုကို့ရဲ့မျက်ခွံလေးတွေကို Yibo ခပ်ဖွဖွနမ်းရှိုက်လိုက်မိသည်။

ခနကြာတော့ အခန်းတံခါးဖွင့်သံနဲ့အတူ ဝင်လာကြသည့် လန်ညီအကိုနှစ်ယောက်ကြောင့် Yibo မျက်နှာရိပ်မျက်နှာကဲနဲ့ 'တိုးတိုးနေရန်' လှမ်းသတိပေးထားလိုက်သည်။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now