[Unicode]
Hotel အခန်းတစ်ခုထဲတွင် E-mail တွေကို ထိုင်စစ်နေသော လူငယ်တစ်ယောက်...။
အနည်းငယ် အံ့သြသွားဟန်ရှိသော်လဲ မဲ့ပြုံးတစ်ခုကိုသာ မျက်နှာထက်တွင် လှပသေသပ်စွာ ဆင်မြန်းထားလေ၏။
ထိုလူငယ်သည် ဝမ်ရိပေါ်ပင်ဖြစ်သည်။
ကျွန်တော်ဆိုတာ လှောင်ပြုံးများကြားရှင်သန်ခဲ့ရတဲ့ လူတစ်ယောက်...။
ကျွန်တော်ဆိုတာ အလှောင်ခံစကားများကြား ရန်ပွဲတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ လူတစ်ယောက်...။
ကျွန်တော့်ဘဝကသူတစ်ပါး အလှောင်ခံရဖို့ မွေးဖွားလာခဲ့တာလား...?
ဒါတွေအားလုံး ပါးပါးကို မြူစွယ်ခဲ့တဲ့ လူတစ်ယောက်ကြောင့်ပဲဖြစ်လာခဲ့တာ...။
အဲ့ဒီလူကြောင့် မွေးနေ့ရောက်တိုင်း 'ပါးပါးက Gay မဟုတ်ပါစေနဲ့' လို့ ရူးကြောင်ကြောင် ဆုတောင်းခဲ့ဖူးတာတွေ...။
မွေးနေ့ဆုတောင်းက နောက်ဆုံးတော့ ရယ်စရာဟာသတစ်ခုလို အဆုံးသတ်သွားခဲ့ပြီပဲ...။
အရှေ့မှာရှိနေတဲ့ Computer Screen ပေါ်မှ အချက်အလက်တွေက သူ့ကို ပြောင်ပြနေသလားဟုပင်ထင်ရသဖြင့် ပေါက်ကွဲပစ်ချင်လာသည်။
ဒီ Hotel မှာ ဆက်တည်းဖို့ သူ ဆုံးဖြတ်လိုက်တာက မှန်သွားပြီလို့တော့ထင်ရပါသည်။
>>><<<
Xiao Zhan Hotel ဝန်ထမ်းကောင်လေးတစ်ယောက်ကို မေးမြန်းကြည့်လိုက်တော့..,
'Wang Yibo ဆိုတဲ့ ဧည့်သည်က ဒီ Hotel မှာပဲ ဆက်တည်းဖို့ အတည်ပြုပြီးပါပြီခင်ဗျ...' ဆိုသည့် စကားတစ်ခွန်းကိုပြန်ရခဲ့သည်။
ထိုစကားကြောင့် Xiao Zhan မျက်ခုံးတစ်ဖက် ပင့်တက်သွားပေမယ့်...
ဘာမှဆက်ပြောခဲ့ခြင်းတော့ မရှိခဲ့ပေ။
လိုမှ မလိုအပ်ပဲလေ...။လာတည်းတဲ့ ဧည့်သည်ကိုက ဆက်တည်းဖို့ ရွေးချယ်ထားတော့လဲ Boss တစ်ယောက်အနေနဲ့ ဘာဆက်ပြောစရာလိုနေဦးမှာလဲ...?
အေးအေးဆေးဆေးနေတတ်သူပီပီ XZ ဆိုတာ စကားအပိုလုံးဝမပြောတတ်သူလဲဖြစ်သည်။
YOU ARE READING
အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}
FanfictionZhanyi ❤💚 Fanfiction 💛 ( Myanmar 🇲🇲 ) This story is my 1st story.📌 So, you can criticize on this writing.✌🏻 Although it is a *Zhanyi Fanfiction*, everything, including the characters in this story, is my own idea. 🤍✨ Ep - 1 to 37 Final + Ex...