Ep - 36

2K 107 11
                                    

(Mature scenes)

Unicode

"Congratulations ပါ ဒေါက်တာ..."

အခန်းထဲဝင်လာသော ဒေါက်တာရှင်းချန်ကို Yibo ဂုဏ်ပြုစကားလှမ်းပြောတော့ ဒေါက်တာက ရှက်ရယ်တစ်ချက်ရယ်၏။

"ကျေးဇူးပါဗျာ...
မင်းတို့မှာရော အစီအစဥ်ရှိသေးတယ် ဟုတ်?"

ရင်းနှီးနေပြီဖြစ်သည့် ဒေါက်တာ့စကားကြောင့် Yibo ကိုကို့ဘက်ကိုလှည့်ကြည့်မိတော့
ကိုကို့ရဲ့ပြုံးစိစိမျက်နှာဘေးနဲ့ ပတ်ပင်းတိုး၏။
မျက်ခုံးတစ်ချက်ပါ ပင့်ပြလိုက်သေးသည်။
ကိုယ် ဖြေလိုက်ပါပေါ့.....။

"နေ့ရက်တစ်ရက်ချင်းစီတိုင်းက ကျွန်တော်တို့နှစ်ယောက်ရဲ့ Anni Day တွေပါပဲ...
ကိုကိုနဲ့ အတူရှိနေဖို့ပဲလိုတာ..."

Yibo ရဲ့စကားအဆုံး ကိုကိုက နှစ်နှစ်ခြိုက်ခြိုက်ပြုံး၏။
Yibo ကတော့ ကိုကို့ရဲ့အပြုံးလေးတွေကို မလွတ်တမ်းငေးကြည့်ရသည်ပေါ့...။

ဒေါက်တာကတော့ ဘေးနားကနေ ချောင်းဆိုးနေသလို အသံတွေပါ ထွက်ပြလေသည်။

"အဟမ်း! အဟမ်း! ဟုတ်ပါပြီ...
ဆေးရုံထဲက အခန်းကလည်း အရင်က အဖြူရောင်ပါ... အခုတော့ ပန်းရောင်တွေပါ ပြောင်းသွားသလားလို့ နော့?"

အခန်းရဲ့ဘေးဘီဝဲယာကို မျက်လုံးတွေပါ ဝေ့ဝဲကြည့်ပြီး ယင်ရမ်းသလို လက်တစ်ဖက်ကပါ ဝေ့ယမ်းပြတာကြောင့် Yibo ရော ကိုကိုရော အသံထွက်သည်အထိ ရယ်မိလိုက်ကြသည်။

အထွေထွေအထူးကုခွဲစိတ်ရေးဌာနက Yibo ရဲ့ ဆရာလည်းဖြစ် ရင်းလည်းရင်းနှီးနေပြီဖြစ်သောကြောင့် ပွင့်ပွင်းလင်းလင်းရှိကြပြီး စကားပြောရသည်မှာ ပေါ့ပေါ့ပါးပါးရှိလှသည်။

အရင်တစ်နေ့ကအလုပ်သင်ဝင်တော့ ဒေါက်တာရှင်းချန် ဦးဆောင်တာ မဟုတ်ခြင်းကြောင့် အခုမှတွေ့ပြီး ဂုဏ်ပြုစကားပြောရခြင်းဖြစ်သည်။

အကြောင်းကတော့ သူ့ကောင်လေးကို လက်ထပ်ခွင့်တောင်းပြီးသည်နှင့် ဆေးရုံက ထိုနေ့တစ်ရက် ခွင့်ပေးလိုက်ခြင်းကြောင့်သာ...။

အလွန်ကောင်းသည့် ဆေးရုံနှင့်ပတ်ဝန်းကျင်ပါလေ.....။

ဒီလိုပတ်ဝန်းကျင်မျိုးမှာ Yibo နေသားကျလာတာကြောင့် အရင်အတိတ်တွေတုန်းကလိုပတ်ဝန်းကျင်မျိုး သူ ပြန်မသွားချင်ပေ...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now