Ep - 11

2.5K 164 3
                                    

Unicode

"သား ကျန့်ကျန့် ခန..."

ဧည့်ခန်းတွင် ထိုင်နေသော ကျန်းချန်က အိမ်ပေါ်မှ ဆင်းလာသော XZ အား လှမ်းခေါ်လိုက်၏။

လေးလေး သူ့ကို ခေါ်တာဘာကိစ္စလဲဆိုတာ XZ သိတာပေါ့။
ခုဆို သူ နဲ့ Baby တို့ကိစ္စက Hot အဖြစ်ဆုံးပဲလေ...။
line ပေါ်မှာတွေရော စာနယ်ဇင်းတွေမှာရော အစုံပါဝင်လာသော သတင်းတစ်ပုဒ်...။

နှစ်ယောက်လုံး ထိခိုက်မှာချင်းအတူတူ Baby စိတ်ချမ်းသာမယ်ထင်လို့ သတင်းတွေကို သူဖြန့်ပေးခဲ့သည်။

Baby ကို သူတာဝန်ယူမှာဖြစ်လို့ ခနတာ Baby ပျော်ဖို့အတွက် သတင်းတွေဖြန့်ပေးခဲ့ခြင်း။
ပြီးရင် အခုဖြစ်နေဆဲအရာအားလုံးက တိမ်စိုင်တွေလို တစ်ဖြေးဖြေးပျက်ပြယ်သွားမယ်မှန်း သူယုံကြည်ပါသည်။

စီးပွားရေးကတော့ Personal မခွဲတတ်တဲ့လူသားတွေကြား အနည်းနဲ့အများတော့ လျော့ကျသွားတာပေါ့ဗျာ...။
ဒါပေမယ့် သူ မမှုပါဘူး ဒီချိန်မှာ ကျွန်တော် စိတ်ဝင်စားတာ ကျွန်တော့် Baby လေး ဘယ်လိုနေလဲ ဆိုတာပါပဲ...။

လေးလေး ပြောမယ့်စကားတွေ , လေးလေးရဲ့မေးခွန်းတွေ ကြိုသိနေတာကြောင့် ဘာမှမပြောခင် XZ အရင်ဦးအောင် ပြောခဲ့၏။

"လေးလေး ကျွန်တော် ကိစ္စအားလုံးကို ရှင်းပြီးတဲ့အခါ လေးလေးကို အကုန်ရှင်းပြပါ့မယ် အခု ကျွန်တော် အလုပ်ရှိသေးလို့ ​သွားပါရစေ" ဟူ၍သာ...။

မတတ်နိုင်...။
ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး လေးလေးကို စိတ်မပူစေချင်...။
ဘယ်သူ့ကိုမှလည်း ပြောပြချင်စိတ် , ရှင်းပြချင်စိတ် မရှိသေးတာကြောင့်ရော ပါမည်ထင်၏။

လေးလေးကို စကားအကုန်ပြောပြီးသည်နှင့် အိမ်ထဲမှ ထွက်လာခဲ့၏။

ဦးတည်ရာက တစ်ခုတည်းသာ.....။

..............................

YB ကျောင်းမှာ အရေးကြီး tutorial ရှိတာကြောင့် မလာချင်သော်လည်း လာခဲ့ရ၏။

ကျောင်းကလူတွေရဲ့ ထူးဆန်းတဲ့အကြည့်တွေကြား ရုန်းထွက်နိုင်ခဲ့သော်လည်း စိတ်တွေက အတိတ်ဆီသို့သာ ပြေးလွှားနေလျက်...။

အမုန်းအားဥပေက္ခာပြု၍ [အမုန်းအားဥပေက္ခာပြု၍] {Complete}Where stories live. Discover now