အခန်း - 1.2 (Z)

2.6K 250 7
                                    

[ Zawgyi ]

"Excuse me..."

ထိုအမျိုးသားက သူ့ဘေးမှာ ရပ်ရင်း စကားပြော
ဖို့ပြင်လိုက်သော်လည်း၊ ကျန်းဖော့ကျန်က
အသိအမှတ်မပြုလိုဟန်ဖြင့် မော့မကြည့်ပေ။
ကျန်းဖော့ကျန်ရဲ့အာရုံကြောတွေ တုန်လှုပ်လွန်း
နေသည်မှာ ဘောပင်ကို ထက်ပိုင်းကျိုးလုမတတ်
ခပ်တင်းတင်းဆုပ်ကိုင်မိသည်အထိ ဖြစ်၏။
ဒါ့အပြင်၊ သူ့အနောက်မှာရှိနေသော ကျောင်းသား
တစ်သိုက်ကလည်း ပင့်သက်မရှိုက်ရဲသည့်
အနေအထားဖြစ်နေသည်။

"အာ..အခုက စာမေးပွဲဖြေနေတုန်းပဲ"
ထိုအမျိုးသားက ခပ်တိုးတိုးပြောလိုက်ကာ၊
ချီတုံချတုံအမူအရာဖြင့် လှည့်ထွက်သွား
တော့သည်။

စိတ်သက်သာရာရသွားသလိုမျိုး၊
ကျန်းဖော့ကျန် သက်ပြင်းချလိုက်ပေမယ့်
အပြည့်အဝ အဆင်ပြေသွားတာတော့ မဟုတ်။
ထိုအမျိုးသားက သူ့ကို လွယ်လွယ်ကူကူ
လွှတ်ပေးမလားဆိုတာ  မသေချာပေ။
ဒါမှမဟုတ် ထိုသူက စာမေးပွဲပြီးတော့မှ 
ဖြေရှင်းဖို့ စောင့်နေမယ်ဆိုရင်ရော...။

ကျန်းဖော့ကျန်၏စိတ်ထဲ ကသောင်းကနင်း
ဖြစ်နေရင်း၊ အဖြေလွှာကို စိတ်လှုပ်ရှားစွာ
အပြီးသတ်လိုက်ရသည်။

နောက်ထပ်တစ်ကြိမ် ဘဲလ်မြည်သောအခါ၊
ထိုအမျိုးသားက အဖြေလွှာတွေကို
အနောက်တန်းကနေ အရှေ့ဆီ ကမ်းပေးဖို့
ပြော၏။

"ငါတို့ မိသွားပြီလား?"
PR ကျောင်းသားက အလျင်စလိုမေးသည်။

"ငါ ဘယ်လိုလုပ် သိမလဲ!"
ကျန်းဖော့ကျန် ဒေါသတကြီးပြန်ပြောကာ၊
အရှေ့က ကျောင်းသားဆီကို အဖြေလွှာကမ်းပေးလိုက်၏။

ကျန်းဖော့ကျန် လွယ်အိတ်ကို ဆတ်ခနဲဆွဲယူပြီး
ပြေးထွက်ဖို့ပြင်ချိန်မှာ၊ မမျှော်လင့်ဘဲ ဆရာစားပွဲနောက်မှ ထိုအမျိုးသားက လှမ်းခေါ်လေသည်။

"ကျောင်းသား!"

ဆူညံနေသောအခန်းက ရုတ်တရက်
တိတ်ဆိတ်သွားရ၏။ ကျောင်းသားအများစုက
လမ်းတစ်ဝက်မှာ ရပ်တန့်သွားရသည်လေ။
ကသိကအောက်ဖြစ်ဖွယ်အနေအထားကို
ကြည့်ရင်း ထိုအမျိုးသားက ဆက်ပြော၏။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now