အခန်း - 5.1 (U)

3.9K 750 32
                                    

【 Unicode 】

ကောကျင်းရှန်သည် ကျန်းဖော့ကျန်မိတ်ဆွေဖွဲ့လို
သည့်ပုံစံမျိုး မဟုတ်ပေ။

ကျန်းဖော့ကျန်၏သူငယ်ချင်းများထဲတွင်
ကောကျင်းရှန်ကဲ့သို့ အကျင့်စရိုက်ရှိသူ
တစ်ဦးမှမပါဝင်။ ကျန်းဖော့ကျန်က ထူးချွန်
ပေါက်မြောက်သူမို့ မူလတန်းနှင့်အထက်တန်း
အရွယ်မှာလည်း ရေပန်းစားကျော်ကြားခဲ့တာ
အထင်အရှားပင်။ ထို့ကြောင့် ကျန်းဖော့ကျန်၏
အနားမှာရှိသူတိုင်းကလည်း ထင်းခနဲလင်းခနဲ
ပုံစံများသာ။ သာမန်အရည်အသွေးရှိသူများက
ကျန်းဖော့ကျန်နှင့်အတူယှဥ်တွဲဖို့ရာ နည်းပါးလှ
၏။

ကောကျင်းရှန်လို တိတ်ဆိတ်ပြီး သာမန်ဆန်ကာ
ကြွက်ကလေးသဖွယ် အတန်းထဲတွင် ခပ်ကုပ်ကုပ်
နေမည့်လူမျိုးက ကျန်းဖော့ကျန်နှင့် သဟဇာတ
ဖြစ်ဖို့ မလွယ်ပေ။ ထိုသို့ဆိုသော်လည်း
ကျန်းဖော့ကျန်က တမင်တကာ ခွဲခြားနေခြင်းမဟုတ်။ လူမှုဆက်ဆံရေးတွင် ကိုယ်စီအုပ်စုဖွဲ့ကာ
နေခြင်းက သမားရိုးကျဆန်ပြီး စည်းခြားထား
သလိုပင်။ ထိုသို့ဖြင့် အစကတည်းက အတန်းဖော်သက်သက်ဖြစ်သွားပြီး တစ်ဦးကိုတစ်ဦး
အနှောင့်အယှက်ပေးခွင့်မရှိသကဲ့သို့၊ အချင်းချင်း
ရင်းနှီးကျွမ်းဝင်စွာ ပြောဆိုဆက်ဆံခြင်းလည်း
မရှိကြတော့။

ကျန်းဖော့ကျန်နှင့်ကောကျင်းရှန်က စိတ်ချင်း
ဝေးကွာစွာ၊မတူညီစွာ တည်ရှိကြ၏။ ထို့ပြင်
ကျန်းဖော့ကျန်က အဆင်မပြေသည့်အခြေအနေ
ကြားမှာ ကောကျင်းရှန်ကို တွေ့ဆုံခဲ့ခြင်းဖြစ်ပြန်
သည်။ ဒီလိုအနေအထားမှာ ကျန်းဖော့ကျန်က
ထိုသူနှင့် ပိုရင်းနှီးလိုစိတ်မရှိပေ။

ကျန်းဖော့ကျန်က ကောင်မလေးနှင့်ပြတ်သွားပြီမို့
သူ့အားလပ်ချိန်တွေမှာ ဘာလုပ်ရမလဲမသိတော့။
ကြာလာသည်နှင့်အမျှ သူ အားလပ်ချိန်အားလုံးကို reference room ထဲမှာ ကုန်ဆုံးမိခဲ့သည်။
အစတုန်းက သူ သွားဖြစ်ခြင်းမှာ ထိုအခန်းငယ်ထဲ
အဲယားကွန်းရှိသောကြောင့်ပင်။ ဆိုသော်လည်း
တဖြည်းဖြည်း အလေ့အကျင့်ဖြစ်လာခဲ့ပြီ။
ကျန်းဖော့ကျန်လည်း ပစ္စည်းစီမံသည့်
ထိုအလုပ်ကိုသ​ဘောမကျတာမျိုးမရှိ။ ထို့ပြင်
သူကိုယ်တိုင်ပင်မသိလိုက်ပါဘဲ၊ ကောကျင်းရှန်
ဆီမှ တော်တော်များများ လေ့လာခွင့်ရခဲ့သည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now