အခန်း - 9.1 (U)

4.8K 756 65
                                    

【 Unicode 】

အမြန်လမ်းကို မမောင်းနှင်ခင်၊ ဓာတ်ဆီအပြည့်
ဖြည့်ထားဖို့ မဖြစ်မနေလိုအပ်သည်။ အကယ်၍
အခြားဝင်ပေါက်မှတစ်ဆင့် အမြန်လမ်းကို
ဦးတည်မည်ဆိုလျှင် ဖြတ်သန်းခကိုပါ
ပေးစရာမလိုဘဲ ကျော်သွားနိုင်မှာပင်။

အပြာရင့်ရောင်ဖို့ဒ်ကားကို ရွှီကျဲရှီ၏ချစ်သူဆီမှ
ငှားထားခြင်းဖြစ်ပြီး ၄င်းမှာ မိန်းမပျိုလေးများ
သဘောကျလောက်မည့်မော်ဒယ်မျိုး မဟုတ်။
ပထမဆုံးတစ်ချက်ကြည့်လိုက်ရုံနှင့် ကားက
တောင့်တင်းခိုင်မာမည့်ပုံ။ သို့သော် sun visor ထဲမှာတော့ ရွှီကျဲရှီ၏ဓာတ်ပုံကို တွေ့ရလေသည်။
ရွှီကျဲရှီချစ်သူ၏ညီက ထိုကားကို ပိုင်တာလည်း
ဖြစ်ကောင်းဖြစ်နိုင်သည်။

[ sun visor = ကား၏လေကာမှန်ထိပ်ရှိ
မျက်နှာပြင်ငယ်၊ ၄င်းကိုနှိမ့်ပြီး နေကာလို့ရသည် ]

မနေ့က စကားစမြည်​ဆိုရင်း ကျန်းဖော့ကျန်က
ကားတစ်စီးလောက် လိုနေကြောင်း ပြောမိရာ၊
ဟိုနားဒီနားသွားဖို့ဆိုလျှင် သူ့ကားကိုငှားလို့ရသည်ဟု ရွှီကျဲရှီက ရက်ရက်ရောရော ကမ်းလှမ်းခဲ့၏။
နောက်တစ်နေ့မှာ ထိုချောမောသောလူငယ်က
ကားကို မောင်းယူလာခဲ့သည်။ ကျန်းဖော့ကျန်ကကားကိုပြန်မအပ်ခင် ဓာတ်ဆီအပြည့်ဖြည့်ပေး
လျှင်ပဲ လုံလောက်ပြီ။

ဓာတ်ဆီဖိုးက စျေးမနည်းသော်လည်း
သူ အတန်းချိန်ပြင်ပတွင် စာပြဖြစ်သဖြင့်
ဝင်ငွေရှိသည်။ သူ ထိုအမျိုးသားကို
တွေ့နိုင်ဖို့ဆိုလျှင် မည်မျှ အပင်ပန်းခံရပါစေ၊
ကိစ္စနည်းနည်းမှမရှိပေ။

မနက်ပိုင်းဖြစ်၍ ကားမပိတ်သောကြောင့်
ကျန်းဖော့ကျန် တစ်နာရီကျော် မောင်းပြီးသည်နှင့်
ရှင်းကျူးသို့ ဝင်ရောက်လာပေပြီ။

ဆယ့်ငါးမိနစ်ကြာပြီးနောက် တံတိုင်းခြားသည့်
ထွက်ပေါက်တစ်ခုရှေ့တွင် သူ ကားရပ်လိုက်၏။

ဤအပတ်တွင် စနေနေ့က ပိတ်ရက်မဟုတ်ပေ။
မွန်းတည့်ချိန်ဖြစ်သဖြင့် အလုပ်ပြီးသွားသူတို့က
တလှုပ်လှုပ်ကူးခတ်နေသော ငါးများသဖွယ်
တိုးဝှေ့ထွက်လာကြ၏။ ကျန်းဖော့ကျန်က
တစ်ချက်လှမ်းကြည့်လိုက်ရုံနှင့် သူ့လူကို
ရှာတွေ့သွားပြီ။ သူ ထိုအမျိုးသားဆီသို့
ဦးတည်မောင်းကာ ဘေးမှာ ကပ်ရပ်ပြီး
နှစ်ကြိမ်လောက် ဟွန်းတီးလိုက်သည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now