Extra-2 (U)

7.8K 1K 64
                                    

【 Unicode 】

စနေနေ့တိုင်း ကောကျင်းရှန်က ညစာကို
ဆိုင်မှာ စားဖြစ်သည်။

သူ အလုပ်ဆင်းသည်နှင့် စူပါမားကတ်သို့သွားကာ စားသောက်ကုန်များဝယ်လာပြီး ရုံးအနီးရှိ
သူ့တိုက်ခန်းဆီ ဖြည်းညင်းစွာ လမ်းလျှောက်
ပြန်လေ့ရှိ၏။ တိုက်ခန်းက ဒီဇိုင်းအသစ်ဖြစ်ပြီး
ငှားရမ်းဖို့လွယ်ကူကာ တစ်ထပ်လျှင် အပိုင်းငယ်
၄ ပိုင်းပါရှိသည်။ တစ်ပိုင်းစီမှာ အခန်းတိုင်းတွင်
ရေချိုးခန်းနှင့်မီးဖိုချောင် တွဲလျက်ပါပြီး
လူတစ်ယောက်နေထိုင်ဖို့ သင့်တော်သည်။

ကောကျင်းရှန်က တတိယထပ်သို့ တက်လာပြီး
သော့ထုတ်ကာ တံခါးဖွင့်လိုက်၏။

သူ စာရွက်စာတမ်းထည့်သည့်အိတ်ကို
ချကာ၊ သူ့ရုံးဝတ်စုံမှ အပေါ်ထပ်အင်္ကျီကို
ချွတ်ပြီးလျှင် အင်္ကျီလက်ခေါက်တင်၍
ညစာအတွက် ဝယ်လာသောပါဝင်ပစ္စည်းတို့ကို
ဆေးကြောကာ ချက်ပြုတ်လိုက်သည်။ နာရီဝက်
အကြာတွင် ရိုးရိုးရှင်းရှင်းဟင်းလျာပြင်ဆင်ပြီး
ဖြစ်သဖြင့် အိမ်ပြန်လာမည့်ထိုကောင်လေးကို
သူ စောင့်နေရုံသာ။

ပင်မအိမ်တံခါးဖွင့်သံကို ကြားလိုက်ပြီးနောက်
ကောကျင်းရှန်က ရင်ခွင်ကျယ်ထဲ နစ်မြုပ်သွား
ရသည်။

"ကျွန်တော် အိမ်ပြန်လာပြီ"

ယခင်ထက် ပိုသက်သာလာသော
သူ့ဘယ်ဘက်နားအတွင်းသို့ သြရှရှအသံက ဖြတ်သန်းဝင်ရောက်လာချိန်မှာ သူ မတုန်ယင်ဘဲ
မနေနိုင်တော့။

ထိုကောင်လေးက သူ့ကို ပွေ့ဖက်ထားရင်း
မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်ကာ
နဖူးချင်း ထိလိုက်သည်။

"ခင်ဗျား ညစာပြင်ဆင်ပြီး ကျွန်တော့်ကို
စောင့်နေတာလား၊ ကောင်းသားပဲ"

"အင်း..."
ကောကျင်းရှန်က မျက်လွှာချ၍ ခပ်တိုးတိုး
ထောက်ခံရုံသာ တတ်နိုင်ပြီ။

"ဒါပေမယ့်...ကျွန်တော်တို့ နောက်မှ
စားလို့ရမလား"

ထိုကောင်လေးက သူ့နှုတ်ခမ်းကို နမ်းရှိုက်လာကာ
ဆိုးသွမ်းသည့်လက်များက သူ့ရှပ်အင်္ကျီကို
ကြယ်သီးဖြုတ်နှင့်ပြီးဖြစ်လေသည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now