အခန်း - 6.3 (Z)

1.8K 208 34
                                    

【 Zawgyi 】

ဖေဖော်ဝါရီလလယ်တွင် ကျောင်းဆက်ဖွင့်သည်။

ကျန်းဖော့ကျန်၏အတန်းချိန်များကို ရွေးချယ်ရာ၊ ခွဲခြားရာမှာ ယခင်အတိုင်းပင်။ ဘာမှမပြောင်းလဲ။

ဤနှစ်ဝက်မှာလည်း လက်တွေ့ခန်းဆင်းရချိန်က
နဂိုအတိုင်း အင်္ဂါနေ့များတွင်ဖြစ်သည်။ ကထိက
များက ပထမပတ်တွင် စာမသင်ကြ။ ထိုအစား
စာရွက်တစ်ရွက်ပေးကာ အတန်းချိန်နှင့်အုပ်စု
များကို အသေးစိတ်,စစ်တမ်းကောက်ခဲ့၏။
ရှင်းလင်းချက်ပြီးနောက် အတန်းချိန်နာရီဝက်မျှ
ကုန်လွန်ခဲ့ပေပြီ။

ဒုတိယပတ်မှာတော့ သူတို့၏ဓာတ်ခွဲခန်းမှတ်တမ်းများကို ကြိုတင်ပြဖို့အချိန်ပင်။ ဤသည်က
လက်ထောက်ဆရာလာမည့်အရိပ်အယောင်ဖြစ်သည်။ လက်ထောက်ဆရာကသာ သူတို့၏
စမ်းသပ်ချက်များကို ဉီးဆောင်လေ့ရှိပြီး၊
assignment စစ်ပေးသည်မဟုတ်လား။

ကျန်းဖော့ကျန်က ဓာတ်ခွဲခန်းတံခါးနားမှာ ရပ်ရင်း အတွင်းသို့ဝင်ဖို့ တစ်ခဏမျှ ချီတုံချတုံဖြစ်ခဲ့၏။

ကျောင်းသားကျောင်းသူများက ဆောင်းရာသီအားလပ်ရက်နှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ်အကြောင်းအရာများကို တတွတ်တွတ်ပြောနေ
လျက်။ ကျန်းဖော့ကျန်က ၄င်းတို့ကို အမှန်ပင်
အာရုံမထားဘဲ ဆရာစားပွဲပေါ်တွင် စုစည်းထား
သော မှတ်တမ်းများကို စွဲမြဲစွာကြည့်နေမိသည်။

သိပ်မကြာခင် ဘဲလ်မြည်လာသော်လည်း
လူတိုင်းက ပျားပန်းခပ်လှုပ်ရှားနေဆဲဖြစ်ကာ
ကထိက,ဝင်လာတော့မှ တိခနဲငြိမ်ကျသွားသည်။

သူတို့က ဓာတ်ခွဲခန်းမှတ်တမ်းနှင့်ပတ်သက်၍
ထင်မြင်ချက်ကို ကြိုရေးပြီးသားမို့၊ ကထိက
အနေနှင့် လက်တွေ့လှုပ်ရှားမှုကို အကြမ်းဖျင်း
ရှင်းပြဖို့ပဲ လိုတော့၏။ လက်တွေ့စမ်းသပ်ချက်စတင်သည်နှင့် ကထိက,က နှစ်ကြိမ်သုံးကြိမ်မျှ
လှည့်လည်ကြည့်ရှုပြီးနောက် အနားယူရန်
ထွက်ခွာသွားလေသည်။

ထိုအချိန်မှာ တစ်စုံတစ်ဉီးက တံခါးကိုဖြတ်၍
အခန်းတွင်းသို့ ဝင်လာခဲ့ပြီ။

"Huh? လက်ထောက်ဆရာ..မတွေ့တာ
အတော်ကြာပြီနော်!"
ကျောင်းသားတစ်ဉီးက အော်လိုက်ခြင်း။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now