အခန်း - 3.2 (U)

4.1K 758 39
                                    

【 Unicode 】

ကျန်းဖော့ကျန်က သူ့အချိန်ဇယားကိုကူးပြီး
ကောကျင်းရှန်ဆီ ပေးလိုက်သည်။ တနင်္လာကနေ
သောကြာနေ့အထိ အားလပ်ချိန်တချို့ရှိကာ
အလုပ်များဖြင့်ပြည့်ကျပ်နေသည့် အင်္ဂါနေ့တွင်လည်း အားလပ်ချိန်တစ်ချိန်ရနိုင်၏။ အမှန်တော့ ကျန်းဖော့ကျန်မှာ ဒီထက်ပိုပြီး ကိုယ်ပိုင်အချိန်
ကျန်ရှိသေးသည်။ သူ ကောကျင်းရှန်ကို
ပေးလိုက်သော အချိန်ဇယားမှာ၊ အင်္ဂါနှင့်
ကြာသပတေးနေ့များတွင် ကျောင်းစာသင်ချိန်
အပြည့်ဖြစ်နေသည်လေ။ ထိုအတိုင်းဆိုလျှင်
ကျန်းဖော့ကျန် ကူညီအလုပ်လုပ်ရမည်က
တနင်္လာ၊ဗုဒ္ဓဟူးနှင့် သောကြာ : စုစုပေါင်း
သုံးရက်ပင်။

"မင်းမှာ အတန်းချိန်တွေများတယ်နော်..."

ကောကျင်းရှန်က ကျန်းဖော့ကျန်၏အချိန်ဇယား
ကို ကြည့်ရင်း တွေးဆဆပြောသည်။ ဆိုသော်ငြား
ကောကျင်းရှန်၏လေသံတွင် သံသယမြူမှုန်မျှ
မပါဝင်ဘဲ၊ လေးစားသမှုနှင့် အံ့အားသင့်ခြင်းဖြင့်
ပြည့်နှက်နေလေ၏။

တက္ကသိုလ်မှာ အနည်းဆုံးတော့ ကိုယ်ပိုင်အချိန်တချို့ရနိုင်ဖို့ ကျန်းဖော့ကျန်မျှော်လင့်ခဲ့သည်။
ထိုအကြောင်းပြချက်တစ်ခုတည်းကြောင့်
စာလေ့လာချိန်အနည်းဆုံးဖြစ်သော အင်္ဂါနေ့နှင့်ကြာသပတေးနေ့များတွင် ကျန်းဖော့ကျန် တမင်
အချိန်ပိုဖြည့်ထားမိ၏။ ဤအတိုင်းဆိုလျှင်
ထိုနေ့များ၌ သူ ထိုအမျိုးသားကိုကူညီဖို့
အဆင်ပြေမှာမဟုတ်။

သဘောထားသေးသိမ်ပြီး အလုပ်ချိန်ကို
တွက်ကပ်တတ်သော စတိုးဆိုင်မန်နေဂျာနှင့်
ကောကျင်းရှန်က မတူပေ။ ပစ္စည်းကိရိယာစီမံ
သောအလုပ်အတွက် တစ်လကို ​ဒေါ်လာ ​၆ ထောင်ပေးရသော်လည်း၊ ကောကျင်းရှန်က စည်းမျဥ်း
တွေကို အသေးစိတ်ချမှတ်ထားတာမျိုးမရှိ။
ကောကျင်းရှန်က အချိန်ဇယားကို စေ့စေ့စပ်စပ်
ကြည့်ပြီးနောက်၊ သဘောတူကြောင်း တိုးညင်းစွာ
ဆိုလိုက်သည်။ နောက်အပတ် တနင်္လာနေ့မှစပြီး
ကျန်းဖော့ကျန် အလုပ်ဆင်းလို့ရပေပြီ။

ထို့ကြောင့် တနင်္လာနေ့တွင် အတန်းပြီးချိန်မှာ
ကျန်းဖော့ကျန် တက္ကသိုလ်အတွင်းအသုံးပြုသောဆိုင်ကယ်ကိုစီးကာ၊ သူ နှစ်ကြိမ်ရောက်ဖူးသည့်
atmospheric science အဆောက်အဦးထံ
ဦးတည်လိုက်၏။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now