အခန်း - 2.1 (U)

4.6K 791 16
                                    

[ Unicode ]

"လက်ထောက်ဆရာက မင်းကို ရှာနေတယ်"

ပထမအတန်းနှစ်ချိန် မရှိတာကြောင့်
ကျန်းဖော့ကျန်က အတန်းသို့မလာခင်
မနက် ၁၀ နာရီအထိ အိပ်နေခဲ့သည်။ စာသင်ခန်း
ထဲကို ကျန်းဖော့ကျန်ခြေချလိုက်တာနဲ့၊
ဒီ ကံမကောင်းတဲ့ကိစ္စကို ကြားလိုက်ရ၏။

"ဘယ်လက်ထောက်ဆရာလဲ"
မတော်တဆတိုက်ဆိုင်တာဖြစ်ပါစေဟု ဆုတောင်း
ရင်း၊ ကျန်းဖော့ကျန် မေးလိုက်သည်။

ပါးစပ်ဖွာတဲ့ PR ကျောင်းသားက စိတ်လှုပ်ရှား
စွာ ပြန်ဖြေသည်။
"ငါတို့ organic chemistry ဖြေတဲ့နေ့က
စာမေးပွဲခန်းစောင့်တဲ့ လက်ထောက်ဆရာလေ!
စာမေးပွဲပြီးတော့ မင်းကို ခေါ်တဲ့လူ"

တကယ်ကို ထိုသူပဲ!
ကျန်းဖော့ကျန် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့။

ထိုကိစ္စပြီးတာ လဝက်ကြာခဲ့ပြီဖြစ်သည်။
ကုန်ခဲ့တဲ့ရက်တွေတုန်းက ကျန်းဖော့ကျန်
notice board ကို စူးစူးစိုက်စိုက်ကြည့်ရှုခဲ့သော်လည်း သူ့ကိုအပြစ်ပေးတဲ့ကြေညာချက်မျိုး
မတွေ့မိပေ။ ဒီလိုဆိုရင် ထိုသူက ကျန်းဖော့ကျန်
ကို ဘာကြောင့်မေးနေရတာလဲ?

"အားဖော့၊ လက်ထောက်ဆရာက မင်းကို
ဘာလို့ရှာနေတာလဲ? ငါ ကြည့်ရသလောက်တော့
အဲဒီဆရာက မင်းကို အပြစ်ပေးမယ့်ပုံမပေါ်ဘူး၊
သူက ဒီကိစ္စမှာပါဝင်တဲ့ တခြားသူတွေကို သိချင်
နေတာလား၊ မင်းကို ဝန်ခံခိုင်းရင် ဘယ်လိုလုပ်
မလဲ၊ မင်း...မင်း ငါတို့ကို သစ္စာမဖောက်ရဘူး
နော်"

PR ကျောင်းသားက သိချင်တာကို ဇွတ်မေး၏။
ကျန်းဖော့ကျန်ရဲ့ အေးစက်စက်အမူအရာကို
မြင်တော့မှ၊ PR ကျောင်းသားက အမြန်
ဖြည့်ပြောသည်။
"Oh god! အာ! မင်းက ငါတို့ကို ကူညီခဲ့တာ
ဆိုတော့...ငါတို့ မင်းကိုလည်း စိတ်ပူတာပဲ..."

လိုအပ်တဲ့အချိန်မှာရှိတာက သူငယ်ချင်းကောင်း
ဖြစ်သလိုပဲ၊ သူတို့ကို အချိန်ကြာသိရှိပြီးနောက်
မှာ စိတ်ထားအမှန်တွေကို မြင်ရဖို့ ပိုလွယ်လာ
တာများလား? ထိုကိစ္စသာ မဖြစ်ဘူးဆိုရင်၊
ကျန်းဖော့ကျန်က ဒီသူငယ်ချင်းတွေရဲ့ပုံစံအမှန်
ကို သိခွင့်ရမှာမဟုတ်ပေ။ ကျန်းဖော့ကျန်
တကယ်ကို စိတ်အနှောင့်အယှက်ဖြစ်မိပေမယ့်၊
ဒီအတန်းဖော်က ဒေါပွဖို့ကောင်းတဲ့လူတွေရဲ့
စံပြဖြစ်နေသည်မှာ လှောင်ချင်စရာပင်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now