အခန်း - 8.2 (U)

4.4K 787 37
                                    

【 Unicode 】

စိုးရိမ်ကြောင့်ကြစိတ်နှင့် ဒေါသတို့ ရောပြွမ်း
ရှုပ်ထွေးလျက် သူ တက္ကသိုလ်ဝန်းအတွင်းမှ
အလောတကြီးထွက်ခွာလာကာ ဆိုင်ကယ်စီးပြီး ကောကျင်းရှန်၏တိုက်ခန်းသို့ ဦးတည်လိုက်
သည်။ ဒုတိယထပ်သို့အရောက်တွင် သူ
တံခါးဘဲလ်ကို ဒေါသတကြီးနှိပ်မိသော်လည်း
တုံ့ပြန်မှုတစ်ခုမှမရှိ။

"What the hell!"

တုပ်တုပ်မျှမလှုပ်သောတံခါးကို
သူ အားကုန်သုံးပြီး ကန်လိုက်သဖြင့် ဒုန်းခနဲ
အသံအကျယ်ကြီးထွက်လာသည်။

ထိုအမျိုးသားကို တွေ့ခွင့်မရခြင်းကြောင့်
သူ ပုံမှန်နှင့်ကွဲလွဲစွာ ကြမ်းတမ်းလာခြင်း။

သူ ကောကျင်းရှန်ကို သွားရှာနိုင်မည့်နေရာက
ဤတိုက်ခန်းအပြင် အခြားမရှိတော့။ သူ
အရှေ့အနောက်ကို ခေါက်တုံ့ခေါက်ပြန်လျှောက်
နေရင်း အဆုံးမှာတော့ လှေကားထိပ်တွင်သာ
ထိုင်ချလိုက်ရသည်။

အချိန်က ညနေစောင်းမှ ညပိုင်းသို့ ကူးပြောင်းလာပြီ။ ရှည်ကြာသော၊ သည်းမခံနိုင်လောက်သော
စောင့်ဆိုင်းမှုက မည်သည့်အခါမှပြီးဆုံးမည်မှန်း မသိ။ သူ ထိုနေရာမှာ ပူပန်စွာစောင့်နေမိသော
အကြောင်းရင်းကို မစဥ်းစားနိုင်ခဲ့ပေ။ အဆုံး
မှာတော့ လှေကားတစ်လျှောက် ခေါင်းငုံ့ရင်း
တက်လာသည့် ထိုအမျိုးသားကိုမြင်လိုက်ရသဖြင့် သူ ချက်ချင်း မတ်တတ်ရပ်လိုက်သည်။

"Eh..?"

ကောကျင်းရှန်၏လက်ထဲတွင် ပလတ်စတစ်အိတ်
တစ်အိတ်ရှိနေသည်။ အိမ်ရှေ့တွင် မတ်တတ်ရပ်
နေသောကျန်းဖော့ကျန်ကို မြင်လိုက်ရသည့်အခါ
ကောကျင်းရှန်က အလွန်အမင်း အံ့အားသင့်
သွားသော်လည်း ထိုအမူအရာက ရုတ်ခြည်းပင်
လွင့်ပြယ်ကာ-

"အာ..မင်း ဘာကိစ္စရှိလို့လဲ"

"ကျွန်တော် ခင်ဗျားကို လာရှာတာ!"

ကျန်းဖော့ကျန်က ဒေါသတကြီးဆိုလိုက်သည်။
သို့သော် သူ့အသံမှာ စိတ်သက်သာရာရသွားဟန်
ပိုပေါ်လွင်လျက်။

"...ငါ့ကို လာရှာတယ်?"

ကောကျင်းရှန်က ချီတုံချတုံဖြစ်လျက် သူ့ကို
ကြည့်နေပြီးနောက်၊ ကော်ရစ်ဒါမှာစကားပြောဖို့
အဆင်မပြေမှန်း ခံစားမိသဖြင့် သော့ထုတ်ကာ
အိမ်တံခါးကို ဖွင့်လိုက်သည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now