အခန်း - 6.2 (Z)

1.8K 202 20
                                    

【 Zawgyi 】

စာမေးပွဲက နေ့လယ် ၂ နာရီခွဲတွင်ဖြစ်သည်။

အတန်းချိန်တိုက်ဆိုင်လျှင် သဘောထားကွဲလွဲဖို့
အလားအလာများတာကို တွေးဆမိသဖြင့်၊
လက်တွေ့ပိုင်းအတွက် အင်္ဂါနေ့မှာဖြေရမည့်
ရေးဖြေစာမေးပွဲကို သောကြာနေ့သို့ ရွှေ့လိုက်၏။
လက်တွေ့ပိုင်းမှာ အရေးအကြီးဆုံးအချက်က
အပတ်တိုင်းပြုလုပ်ရသည့် စမ်းသပ်ချက်နှင့်
ရီပို့တင်ခြင်းဖြစ်သည်။ ကထိကတွေမှာ ကိုယ်ပိုင်
အလေ့အထအသီးသီးရှိသော်လည်း ယေဘုယျ
ပြောရလျှင်- ကျောင်းသားများအနေနှင့်
အတန်းမှန်မှန်တက်ပြီး စမ်းသပ်ချက်ကို
ကောင်းကောင်းမွန်မွန်လုပ်ကာ ရီပို့ကို အချိန်မီ
တင်နိုင်ပါက နောက်ဆုံးစာမေးပွဲ၏ရလဒ်ကို
သိပ်ထည့်တွက်စရာမလိုတော့ပေ။

ထိုစာမေးပွဲက လွယ်ကူသည့်အပြင် အမှတ်
များများရဖို့ ကျကျနနမကြိုးစားထားသောကျောင်းသူကျောင်းသားများအတွက်လည်း
အခွင့်အရေးကောင်းပင်။

ဘဲလ်တီးခါနီးမှာပဲ ကျန်းဖော့ကျန်က ခရုလို
နှေးကွေးသောနှုန်းဖြင့် ရောက်လာခဲ့၏။
စာမေးပွဲခန်းစောင့်ရမည့်ကောကျင်းရှန်က
အခန်းတံခါးနားမှာ မတ်တတ်ရပ်နေတာကို
သူ တွေ့လိုက်သည်။

ကောကျင်းရှန်က ကျောင်းသူကျောင်းသားများ
အကုန်ရောက်လာသည်အထိ စောင့်နေပုံပေါ်၍
ကျန်းဖော့ကျန်ကို သတိပြုမိသွားလေပြီ။
ကောကျင်းရှန်က တစ်ခဏတွန့်ဆုတ်နေပြီးမှ
အနားသို့ရောက်လာကာ ခပ်တိုးတိုးခေါ်သည်။

"ကျန်း..."

ထိုအမျိုးသားက သူ့ကိုရှာနေတာဖြစ်မှန်း
ကျန်းဖော့ကျန် အသေအချာသိပြီးသား။သို့သော်လည်း သူ အခြားတစ်ဖက်သို့ အတင်း
အကြည့်လွှဲကာ မကြားလိုက်သလိုဟန်ဆောင်မိ
၏။ ကျန်းဖော့ကျန်က အနောက်တံခါးမှတစ်ဆင့် အခန်းတွင်းသို့ တန်းတန်းမတ်မတ်ဝင်သွားလိုက်
သည်။ သူ ထိုင်စရာနေရာကို ရှာတွေ့ပြီးနောက်
ကျောပိုးအိတ်ကို စားပွဲပေါ်သို့ ခပ်ကြမ်းကြမ်း
ပစ်ချလိုက်ကာ မကြည်လင်သောအမူအရာဖြင့်၊
ဘဲလ်တီးမည့်အချိန်ကို စောင့်နေတော့သည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now