အခန်း - 4.1 (Z)

2K 204 9
                                    

【 Zawgyi 】

ကျန်းဖော့ကျန်၏မွေးနေ့မတိုင်မီ သုံးရက်အလိုမှာဝမ်လင်းက သူ့ကို date လုပ်ဖို့ချိန်းခဲ့သည်။

အချိန်အတော်ကြာ စိတ်ကောက်နေခဲ့သော
သူ့ကောင်မလေးက ညင်ညင်သာသာခေါ်ကာ
မွေးနေ့ကို အတူဆင်နွှဲလိုကြောင်း ပြော၏။
ကျန်းဖော့ကျန် ကောကျင်းရှန်ကို ကူညီရင်း
သုတေသနဒေတာတွေကို စီစဉ်ကတည်းက
အားလပ်ချိန် ပိုရလာခဲ့ပေပြီ။ ကျန်းဖော့ကျန်
သူ့ကောင်မလေးကို အေးစက်စွာဆက်ဆံခဲ့မိ
တာ​မို့၊ အခြေအနေများ တည်ငြိမ်သွားသော
အခါ သူမကိုအိမ်ပြန်လိုက်ပို့တာမျိုး လုပ်ဖြစ်
သည်။ တစ်ခါတစ်ရံ အားလပ်ရက်များတွင်
ကျန်းဖော့ကျန် သူမနှင့် လျှောက်လည်ခဲ့၏။
ငွေအပိုမသုံးနိုင်သော်လည်း၊ သူတို့နှစ်ဉီး
လမ်းများထက်မှာ အေးဆေးစွာလျှောက်ပြီး
တစ်ခုခုစားသောက်ရရုံနှင့် အဆင်ပြေနေပါပြီ။

အတိတ်တုန်းက သူတို့နှစ်ဉီး တော်တော်လေး
ချစ်ခင်ခဲ့ကြသည်။ လက်ရှိတွင် ရိုးရိုးရှင်းရှင်း
တွေ့ဆုံချိန်တိုင်းမှာ ဝမ်လင်းက ယခင်လောက်
ပျော်ရွှင်ကျေနပ်ပုံမပေါ်။ ဆိုသော်ငြား
ကျန်းဖော့ကျန် သူမကို အရင်တည်ငြိမ်စေဖို့
အချိန်ပေးသင့်သည်ဟု ယူဆထားသည်။
အထူးနေ့ရက်တို့မှလွဲလျှင် ကျန်းဖော့ကျန်က
သူမအတွက် ဘာကိုမှ ထူးထူးခြားခြား
မပြင်ဆင်ပေးနိုင်။ သို့ပေမယ့် ကျန်းဖော့ကျန်
ချစ်သူတစ်ဉီးအနေနှင့် အတတ်နိုင်ဆုံးဖြည့်ဆည်း
ပေးဖို့ ကြိုးစားဖြစ်သည်။

ကျန်းဖော့ကျန် အပျော်တွဲတတ်သော်လည်း
ဘယ်တော့မှမချိုးဖောက်မည့် စည်းတစ်ခုကို
သတ်မှတ်ထား၏။ ထို့ပြင် ကျန်းဖော့ကျန်က ရည်းစားနှစ်ယောက်ကို တစ်ပြိုင်နက်တွဲတာမျိုး၊သစ္စာမဲ့တာမျိုးမလုပ်ပေ။

မကြာသေးခင်ကဖြစ်သည်။
လှပကြည်လင်သောအသွင်နှင့်ကျောင်းသူ
တစ်ဉီးက ကျန်းဖော့ကျန်ကိုကြိုက်ကြောင်း
ဝန်ခံခဲ့၏။ ဝန်ခံစကားပြောစဉ်၊ ရှက်ရွံ့နေသောသူမ၏ပါးနှစ်ဖက်က ပန်းသီးသဖွယ် နီရဲလျက်
ချစ်ဖို့ကောင်းသည်။ ရှက်သွေးဖြာပြီးနူးညံ့သည့်
သူမပုံစံက အမျိုးသားတိုင်း၏နှလုံးသားကို
လှုပ်ရှားစေနိုင်သည်ပင်။ သို့သော်လည်း
ကျန်းဖော့ကျန်က ရည်းစားရှိကြောင်း
အမှန်အတိုင်းပြောကာ သူမကိုငြင်းလိုက်၏။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now