အခန်း - 5.2 (Z)

1.6K 197 4
                                    

【 Zawgyi 】

ထို့နောက် ခရီးတစ်လျှောက်လုံး ဘယ်သူကမှ
စကားစမပြောတာကြောင့် လေထုက အတော်
တင်းမာနေခဲ့၏။ ကျန်းဖော့ကျန်က ထောက်ထားစိတ်နှင့် အားလပ်ချိန်ရှိတာကြောင့်၊ သေချာ
မစီမံမိဘဲ ကောကျင်းရှန်နှင့်အတူသွားဖို့
အလျင်စလိုဆုံးဖြတ်ခဲ့တာကို နောင်တရစပြု
လာသည်။

သူတို့ကားပါကင်ထိုးပြီးနောက် ပိုမိုကျယ်ပြန့်
သောနေရာသို့ရောက်ဖို့ ခပ်လှမ်းလှမ်းအထိ
လမ်းလျှောက်ရပေဉီးမည်။ ကျန်းဖော့ကျန်က
စားစရာထည့်ထားသည့်အိတ်ကို လက်တစ်ဖက်
ဖြင့် သယ်ရင်း၊ ကောကျင်းရှန်၏နောက်မှ
လိုက်လာခဲ့သည်။ ရုတ်တရက် ကျန်းဖော့ကျန်
အမှတ်ရသွားတာက..သူ့ရည်းစားဟောင်းနှင့်
လာခဲ့ဖူးသောအချိန်ကိုပင်။ သူ ဘာကြောင့်
ထိုအကြောင်းကိုတွေးမိမှန်း နားမလည်နိုင်။
ထိုစဉ်က ကျန်းဖော့ကျန်၏ကောင်မလေးက
ခြေကျင်လျှောက်ရတာကို မကြိုက်ဟုဆိုသဖြင့်
အောက်ဘက်ရှိပလက်ဖောင်းမှာပဲ နေကာ
ရှုခင်းကြည့်ခဲ့ရသည်။

ပိန်ပိန်ပါးပါးဖြစ်သည့်ကောကျင်းရှန်က
ကျောက်သားလှေကားထစ်များကို တက်နေရင်း
နက္ခတ်တယ်လီစကုတ်ကို ထည့်ရာတွင် အသုံးပြု
လေ့ရှိသည့်ဘူးအကြီးကြီးကို သယ်ရသေးသည်။
ကောကျင်းရှန်၏ခြေလှမ်းတို့က ယိမ်းယိုင်နေကာ
မငြိမ်မသက်ဖြစ်နေသည်မို့၊ ကျန်းဖော့ကျန်မှာ
စိုးရိမ်စိတ်ဖြင့် ရင်တထိတ်ထိတ်။ အကယ်၍
ကောကျင်းရှန် ခြေချော်ပြီး နောက်ပြန်လဲကျလျှင်
နှစ်ဉီးသား တိုက်မိနိုင်ကာ အနာတရဖြစ်မည်မို့၊
ကျန်းဖော့ကျန်ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ
ဆက်တိုက်စောင့်ကြည့်မိ၏။ ထိုသို့ဖြစ်လျှင်
သူတို့နှစ်ဉီးကြယ်သွားကြည့်ဖို့ အခွင့်အရေး
ဆုံးရှုံးသွားနိုင်သည်မဟုတ်လား။

"ဟေး!"

ကျန်းဖော့ကျန်က မနေနိုင်တော့ဘဲ လက်ဆန့်
ထုတ်ကာ ကောကျင်းရှန်ကို ကူညီလိုက်ခြင်း။
သူ အနောက်ဘက်ကနေ ဘူးအလေးကြီးကို
ကူသယ်ပေးရင်း-
"ခင်ဗျား ဂရုစိုက်သင့်တယ်"

ကောကျင်းရှန်က အနောက်ဘက်သို့ လှည့်ကြည့်
သည်။ ကောကျင်းရှန်က ကျန်းဖော့ကျန်ထက်
နှစ်ဆင့်မြင့်သည့်လှေကားထစ်မှာ ရပ်နေပြီး၊
ထိုအမျိုးသားအနေနှင့် သူ့ကိုငုံ့ကြည့်ရတာမျိုးက
ကြုံတောင့်ကြုံခဲကိစ္စပင်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now