အခန်း - 8.1 (U)

4.3K 748 128
                                    

【 Unicode 】

"မင်း မဟုတ်တာတစ်ခုခု လုပ်ထားသေးလား"

ချောမောသောလူငယ်က ပြောရင်း
သူငယ်ချင်းကျန်းဖော့ကျန်ကို မျက်လုံးထောင့်မှ
စွေကြည့်လိုက်၏။ မီနူးကြည့်၍မှာထားသည့်
လက်ဖက်စိမ်းပူတင်းအသစ်ကို အားပါးတရ
စားပြီးသော်လည်း ရွှီကျဲရှီက မဝသေးဟန်
ဇွန်းကိုက်ထားရင်း။

"ဘာ​?"
ကျန်းဖော့ကျန်က စိတ်အနှောင့်အယှက်ဖြစ်ကာ
အဝေးသို့ အကြည့်လွှဲသည်။

"ဒါဆိုလည်း ရှင်းစမ်းပါဦး၊ မင်း မျက်နှာက
ဘာလို့ အဲ့လောက်မည်းမှောင်နေရတာလဲ၊
မင်း ဒီပရက်ရှင်ဝင်သလို ဟန်ဆောင်နေတာလား"

ထင်ကြေးပေးကာ ပခုံးတွန့်လိုက်သော ရွှီကျဲရှီ။

ကျန်းဖော့ကျန်က ကြောက်စရာကောင်းသည့်
စိန်းစိန်းဝါးဝါးအကြည့်တစ်ချက်ကို ပေးသည်။

"ဟမ့်"
ရွှီကျဲရှီက ဘွင်းဘွင်းရှင်းရှင်းပင်
ကျန်းဖော့ကျန်ကို ဆက်လက်ပစ်မှတ်ထားနေဆဲ။

"ထုံးစံအတိုင်းပေါ့..ရှက်ရွံ့သလို၊အပြစ်ရှိသလို
ခံစားချက်တွေကနေ ပြင်းပြတဲ့စိတ်ဆန္ဒအဖြစ်
ပြောင်းလဲသွားတာမျိုး"

"အဲဒါ မင်းကိစ္စမဟုတ်ပါဘူး"
ကျန်းဖော့ကျန်က အေးတိအေးစက်ဖြေသည်။

"ငါ ပရိုဂရမ်ကို ထည့်သွင်းပြီးပြီ၊ မင်းဆီက
ငှားထားတာကို အမြန်ပြန်ပေးမှ ပိုအဆင်ပြေ
လိမ့်မယ်၊ အခု မင်း စိတ်အခြေအနေမကောင်းဘူး
ဆို​တော့လည်း ရပါတယ်၊ ငါ့အိမ်မှာ ဖုန်တက်တဲ့အထိ အမြဲယူထားလိုက်မယ်လေ"

ရွှီကျဲရှီက ကျန်းဖော့ကျန်၏စိတ်အခြေအနေကို
အာရုံမထားတော့ဘဲ၊ cream puff တစ်လုံး
မှာယူကာ အရသာရှိရှိစားရင်း စိတ်ကျေနပ်နေလျက်။

ကျန်းဖော့ကျန်လည်း ရွှီကျဲရှီကို လျစ်လျူရှူကာ
နောက်ထပ်တစ်ခွန်းမှမဆိုတော့။ ကော်ဖီဆိုင်၏
ဒုတိယထပ်၊ ပြင်ပမှာ ထိုင်နေစဥ် စားပွဲပေါ်ရှိ
ကော်ဖီပူပူက အေးစက်သွားသည်အထိ
သူ တစ်ငုံမှမသောက်ရသေး။

လွန်ခဲ့သောရက်အနည်းငယ်မှစ၍ မိုးဆက်တိုက်
ရွာနေခဲ့ခြင်းဖြစ်သည်။ ယနေ့ ရာသီဥတုကြည်လင်
နေသဖြင့် အေးမြညင်သာစွာတိုက်ခတ်နေသော
လေညင်းက တစ်ဦးတစ်ယောက်၏စိတ်ကို
သက်သာစေနိုင်စွမ်း ရှိသည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now