အခန်း - 7.1 (U)

4.1K 741 41
                                    

【 Unicode 】

အုံ့မှိုင်းနေသောကောင်းကင်ထက်ဆီမှ မိုးက ရုတ်တရက် သည်းထန်စွာရွာသွန်းလာ၏။
အရိပ်အယောင်မရှိဘဲ ကျဆင်းလာသည့်
မိုးစက်မိုးပေါက်တို့က ပြင်းလွန်းကာ၊
မိုးသည်းထဲ လမ်းလျှောက်နေသူတိုင်းမှာ
စပ်ဖျဥ်းဖျဥ်းခံစားရလောက်အောင်ပင်။

ရှစ်ချိန်​မြောက်အတန်းပြီးဆုံးသောအခါ
ဘဲလ်မြည်သံထွက်ပေါ်လာခဲ့၏။ ဆရာက
မကြာခင်​လာတော့မည့် နှစ်ဝက်စာမေးပွဲများအကြောင်း သတိပေးပြီးနောက် စာသင်ခန်း၏
အပြင်ဘက်သို့ လျှောက်သွားတော့သည်။
ကျောင်းသားကျောင်းသူတိုင်းက ပစ္စည်းများ
သိမ်းဆည်းလိုက်ကြကာ ထွက်ခွာဖို့အသင့်ဖြစ်
နေပြီ။ အများစုကတော့ အိမ်ကို တိုက်ရိုက်
ပြန်ကြမှာပင်။

ကျန်းဖော့ကျန်က အိတ်ကပ်ထဲမှ ဆဲလ်ဖုန်းကို
ဆွဲထုတ်လိုက်သည်။ မျက်နှာပြင်ပေါ်တွင်
ဖုန်းခေါ်ဆိုမှု၊ သို့မဟုတ် မက်ဆေ့ချ်ဝင်နေကြောင်း အမှတ်အသားတစ်ခုမှ ရှိမနေခဲ့။

သူ မျက်မှောင်တွန့်ချိုးသွားရ၏ :
ကျောပိုးအိတ်ကိုဆွဲယူပြီးနောက် အတန်းထဲမှ
ထွက်လာလိုက်သည်။

သူ ကောကျင်းရှန်ကို တွဲဖို့လိုလားကြောင်း
​ပြောခဲ့ပြီးနောက် တစ်ပတ်မျှကြာသွားပေပြီ။
ထိုစဥ်က ကောကျင်းရှန်မှာ မသိမသာ
မျက်လွှာချသွားရုံ။ ပြီးနောက် စကားတစ်လုံးမှ
ပြန်မပြောဘဲ သူ့အကြည့်ကိုလွှဲဖယ်ရင်း
တံခါးပွင့်သည်နှင့်တစ်ပြိုင်နက် အပြင်ဘက်သို့ ရှောင်ထွက်သွားကာ၊ သူ့ကို ဓာတ်လှေကားထဲ
တစ်ယောက်တည်း ချန်ထားရစ်ခဲ့၏။

ထိုစကားလုံးတွေကို သူ ဖွင့်ဟပြီးသော်လည်း
နှစ်ဦးကြားအခြေအနေက မပြောင်းလဲသေး။
ကောကျင်းရှန်က သူ့ကို ရှောင်နေဆဲပင်။

ကောကျင်းရှန်က သူ့ကိုလိုက်လိမ့်မည်ဟု
ကျန်းဖော့ကျန်ထင်မှတ်ခဲ့သည်။ မည်သို့ပင်
ဆိုဆို၊ ထိုအမျိုးသားက အချစ်ကိုဝန်ခံထားသူ
မဟုတ်လား။ သူ ယခုလိုမျိုး အချိန်အကြာကြီး
စောင့်ဆိုင်းနေပြီး ထိုကိစ္စကို ပူပန်ကြောင့်ကြရ
လိမ့်မည်ဟု တစ်ခါမှမတွေးဖူးပေ။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now