အခန်း - 4.2 (U)

3.7K 762 54
                                    

【 Unicode 】

ကောကျင်းရှန် ကြယ်သွားကြည့်နေခြင်းဖြစ်မည်။ ထိုသို့ဆိုလျှင် လူမရှိသဖြင့် လက်တွေ့ခန်းကို သော့ခတ်ထားပေလိမ့်မည်။

ကျန်းဖော့ကျန် တင်ရမည့် assignment က
King of Machete ၏ဓာတုသင်္ချာလေ့ကျင့်ခန်း
များဖြစ်ပြီး မနက်ဖြန် ပထဆုံးအတန်းချိန်ပင်။
ယခင်က ကျန်းဖော့ကျန် အတန်းတစ်ချိန်လစ်ပြီး
ပြီမို့၊ assignment ကို အချိန်မီမတင်နိုင်လျှင်
သူ့အဆင့်များက ပို၍စိုးရိမ်ရသောအခြေအနေကို
ဆိုက်ရောက်သွားလိမ့်မည်။ ကျန်းဖော့ကျန်
မိုက်မဲခဲ့သည့်အတွက် မချင့်မရဲဖြစ်ကာ
ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိ၏။ ကောကျင်းရှန်
မရှိလောက်ဟု ကျန်းဖော့ကျန်တွေးမိသော်လည်း
ကံစမ်းသည့်အနေဖြင့် တက္ကသိုလ်သို့
တစ်ချက်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

တကယ်တော့ ယနေ့က ကျန်းဖော့ကျန်၏
မွေးနေ့ဖြစ်သည်။ သို့သော်ငြား ယနေ့ကြုံရသမျှကိစ္စအားလုံး​က လုံးဝကို ဒုက္ခမျိုးစုံပေါင်းဆုံနေ
၏။ ဒီနှစ်မွေးနေ့က အဆိုးဆုံးပင်။

ကြောက်စရာကောင်းလောက်အောင် ဆိုးရွားသော
သူ့ကံက ဘယ်တော့ပြီးဆုံးမှာပါလိမ့်?

ဘုရားသခင်က ကျန်းဖော့ကျန်၏အသနားခံမှုကို
ကြားသွားပုံပေါ်သည်။ သူ ဆိုင်ကယ်စီးပြီး
တက္ကသိုလ်သို့ရောက်သွားချိန်မှာ၊ တတိယထပ်၏
ထောင့်ဆုံးနေရာရှိ ပြတင်းပေါက်မည်းမည်းက နောက်ဆုံးတော့ မီးလင်းနေခဲ့ပြီ။ မျှော်လင့်ချက်
ကင်းမဲ့နေသောလှေငယ်က မီးပြတိုက်ကိုတွေ့ရှိ
သွားသလိုမျိုး ကျန်းဖော့ကျန်ခံစားလိုက်ရသည်။
တစ်စုံတစ်ခုဖြစ်ပျက်လာမှာကို တားဆီးဖို့အတွက်
ကျန်းဖော့ကျန်က ဆိုင်ကယ်ကို အမြန်ထိုးရပ်ပြီး
သိပ္ပံအဆောက်အဦး၏ တတိယထပ်တွင်ရှိသော
reference room သို့ တန်းတန်းမတ်မတ်
သွားတော့သည်။

ကော်ရစ်ဒါ၏အဆုံးရှိ reference room
ကျဥ်းကျဥ်းထဲမှ မီးရောင်တန်းက
ထွက်ပေါ်လျက်ရှိသည်။

တံခါးကို မပိတ်ထားတာမို့၊ ကျန်းဖော့ကျန် တိုက်ရိုက်ဝင်သွားလိုက်၏။

တစ်ဝက်ပွင့်နေသောတံခါးကို တွန်းလိုက်ချိန်တွင်၊ ကွန်ပျူတာရှေ့မှာထိုင်နေသောအမျိုးသား၏
ပခုံးသွယ်သွယ်နှင့် နောက်ကျောပြင်က
ကျန်းဖော့ကျန်၏မြင်ကွင်းထဲ ဝင်လာသည်။

နှလုံးသားဟာ ဖန်လို || ဘာသာပြန် [COMPLETED]Where stories live. Discover now