အခန်း (၄)

2.6K 264 34
                                    

Unicode

နံနက်၆နာရီခန့်မှာပင် သလင်းအပါအဝင် အကုန်လုံး ကျိုက်ထီးရိုးတောင်ပေါ်တတ်ရန် အဆင်သင့်ဖြစ်နေကြသည်။ကျိုက်ထီးရိုးတောင်ပေါ်တက်ဖို့အတွက် တောင်တက်ကားစခန်းတွင်အကုန်စုနေပြီးသားဖြစ်သည်။ခရီးတွင်ပါလာသည့် ပစ္စည်းအားလုံးကိုမယူဘဲ ဒီနေ့ခရီးစဥ်အတွက်လို့အပ်သည့် ပစ္စည်းဆစ်ချို့သာယူပြီး ကျန်တာကို ဟိုတယ်တွင်သာထားခဲ့သည်။

သလင်းကပဲဦးဆောင်ကာ အားလုံးအတွက်လက်မှတ်ဖြစ်ပြီး တစ်​ယောက်တစ်စောင်စီပေးထားလိုက်သည်။ကားရောက်လာတော့ အားလုံးကပျော်ရွှင်မြူးတူးစွာ ကားပေါ်အတင်းတက်ကြသည်။သလင်းကတော့ နောက်ဆုံးမှတက်ရ၍ နောက်ဆုံးခုံတွင်နေရာယူလိုက်ရသည်။သလင်းဘေးတွင်မှ သွေးသစ်က အခန့်သားထိုင်လျက်။

တောင်တက်ကားသည် အယောက်၃၀၊၃၅ခန့်ဆံ့သော်လည်း လေ့လာရေးကျောင်းသားအဖွဲ့ဖြစ်၍ လူ့အပြည့်မတင်ဘဲ သလင်းတို့အဖွဲ့သီးသန့်စီးရန်အတွက် သဘောတူညီချက်ရလိုက်သည်။

မတူညီသော  ဝေ့ကာပတောင်တန်းအသွယ်သွယ်ကိုတ်ကာမောင်းနေသော တောင်တက်ကားစီးရသည်မှာ ရင်တမမနှင့် အသည်းခိုက်ရသည်။ကားနောက်ဆုံးတန်းတွင်ဖြစ်ပြီး သွေးသစ်ကဘေးဆုံးကဖြစ်ပြီး သွေးသစ်ဘေးတွင် သလင်းထိုင်သည်။အလယ်၂ ခုံတွင် အလွတ်ဖြစ်ပြီး၊အဲ့ဘေးဆုံး၂ခုံတွင် မိန်းကလေးနှစ်ယောက်ရှိလေသည်။

ကားကတရှိန်ထိုးမောင်းတက်၊မောင်းဆင်းရသဖြင့် ကျောင်းသား၊ကျောင်းသူအားလုံးဆီမှ ကြောက်၍အော်သံ၊ပျော်မြူးသံ၊စိတ်လွတ်လပ်ပေါ့ပါးစေရန် တဝေးဝေး တဝါးဝါးအသံများကို အတိုင်းသားကြားနေရသကဲ့သို့ ဆရာမနှစ်ဦးကလည်း ဘုရားစာရွတ်နေသည့်ဟန်။

သွေးသစ်ရဲ့လက်တစ်ဖက်က ​ရှေ့ကလက်ကိုင်တန်းကို ကိုင်ထားလိုက်ပြီး ကျန်လက်တစ်ဖက်က သလင်းရဲ့ခန္ဓာကိုယ်ကို ထိန်းပေးထားသည်။ ဘေးကကောင်မလေးနှစ်ယောက်ကတော့ ဘာမှသတိမထားမိဘဲ သူတို့ဘာသာ ဝူးဝူးဝါးဝါး အော်ဟစ်နေသည်။ဘာကြောင့်မှန်းမသိ၊သွေးသစ်အဖို့ကတော့ သလင်းနှင့်အတူရှိနေရလျှင်နွေးထွေးမှုကိုခံစားရသည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now