အခန်း (၁၀)

2K 195 28
                                    

Unicode

အချိန်ကား ညနေ(၃)နာရီ။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘုန်းသာလျှံနှင့်သလင်းတို့နှစ်ဦးရှိနေသည်။

ဘုန်းသာလျှံရဲ့မိဘတွေဖြစ်သော ဦးသာထင်နှင့်ဒေါ်မြတ်သူဇာတို့ စင်္ကါပူမှပြန်လာတာကို လာကြိုကြခြင်းဖြစ်သည်။

ဘုန်းသာလျှံဘွဲ့ရပြီးတော့ သူ့ကိုလုပ်ငန်းတွေအားလုံးလွှဲပေးလိုက်ကြပြီး စင်္ကါပူမှာ သွားနေကြ၏။ တစ်နှစ်သုံးခေါက်လောက်တော့ မြန်မာနိုင်ငံက်ို ပြန်လာလေ့ရှိသည်။

ကိုဘုန်းရဲ့မိဘတွေက သလင်းကိုလည်း သားအရင်းပမာသဘောထားသည်၊ချစ်ကြသည်။

မကြာမီ Singapore-Myanmar လေယာဥ်တစ်စင်းစိုက်ရောက်လာ၏။ အချိန်တိုလေးအတွင်းမှာပဲ ခရီးသည်များ များပြားလာသည့်အတွက် သလင်းတို့နှစ်ယောက် ထိုင်နေရာမှထကာ ကိုဘုန်းမိဘတွေကို ရှာနေကြသည်။

ခေတ်ဆန်စွာဝတ်ဆင်ထားသည့် လူကြီးပိုင်းစုံတွဲတစ်တွဲကို သလင်းတို့တွေ့လိုက်ရသည်။ ကိုဘုန်းနှင့်သလင်းတို့ ထိုစုံတွဲဆီအပြေးတပိုင်းလျှောက်သွားလိုက်သည်။

"Welcome မာမီနဲ့ဒယ်ဒီ''

အနားရောက်ရောက်ချင်း ကိုဘုန်းက ထိုစုံတွဲကို ပွေ့ဖက်ကာခရီးဦးကြိုပြုလိုက်သည်။

ထိုစုံတွဲကား ဘုန်းသာလျှံ၏မိဘများဖြစ်သော ဦးသာထင်နှင့်ဒေါ်မြတ်သူဇာတို့ပင်ဖြစ်ပေ၏။

"လာကြိုသားပဲနော်၊ ဒယ်ဒီတို့ကသားအလုပ်များပြီးလာမကြိုဘူးထင်ထားတာ''

"မြတ်ပြောသားပဲ၊ သားက မြတ်တို့ကိုလာကြိုမှာပေါ့လို့၊ အခုကြည့်လေ''

"ဟုတ်ပြီဗျာ...၊ဒေါ်မြတ်သူဇာနိုင်သွားပါတယ်၊ဟားဟား...''

ခရီးရောက်ရောက်ချင်း ပျော်ရွှင်ကာစကားစမြည်နေကြသည့် လင်မယားနှစ်ဦးက သလင်းတို့ရှိမှန်းသတိပင်ထားမိရဲ့လားမသိ။

"လာကြိုရမှာပေါ့...၊ဒီဒယ်ဒီနဲ့မာမီ နှစ်ယောက်ထဲရှိတာကို''

ဘုန်းသာလျှံက စကားဆက်လိုက်ရာ

"ဟုတ်ပါပြီ၊ မာမီလည်း သားလာကြိုမယ်ထင်ပါတယ်၊ အခု သားသလင်းပါ ပါလာတာကိုး''

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now