အခန်း (၁၁)

1.8K 186 71
                                    

Unicode

ည(၇)နာရီတောင်ခွဲပေတော့မည်။ကိုဘုန်းတို့အိမ်က ပြန်လာကတည်းက ခဏအနားယူလိုက်ပြီး ရေချိုးလိုက်သည်။

ရေချိုးနေရင်း ညနေက သန့်စင်ခန်းထဲကအဖြစ်အပျက်တွေကို ပြန်တွေးနေမိသည်။

သူကြည်နူးသလို၊ ပျော်ရွှင်သလို ခံစားရမှုနဲ့အတူ ရှက်လည်းရှက်မိသည်။

ဟိုကလေးနဲ့အတူ နမ်းခဲ့မိသော သူ့နှုတ်ခမ်းကိုသူ မယုံကြည်နိုင်စွာ ထိကိုင်နေလိုက်သည်။

သူ့နှုတ်ခမ်းထက်မှာ ဟိုကလေးဆီကရတဲ့ ပီကေအနံ့လေးတွေပင် စွဲထင်နေသယောင်။

သူရဲ့ခံစားချက်ကိုတော့ လုံးဝအတည်ပြုနိုင်ခဲ့လေ၏။

ငါ ဉာဏ့်ကိုချစ်မိနေပြီ

ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် အဝတ်အစားလဲလိုက်သည်။

ညအိပ်ဝတ်စုံ အဖြူအနက်ကွက်လေးကို ဝတ်ဆင်လိုက်သည်။

ကုတင်ပေါ်ထိုင်ရင်း ဘေးကစားပွဲပေါ်မှဖုန်းကို လှမ်းယူလိုက်သည်။

သွေးသစ်ဉာဏ် နာမည်နဲ့ messageများရောက်နေသည်။

ဖုန်းခေါ်ထားသည်ကိုလည်းတွေ့ရသည်၊ သို့သော်သူပြန်မခေါ်ချင်ပါ။ပြန်မခေါ်ရဲတာဟုဆိုလျှင်ပိုမှန်မည်။

ဘာလို့မခေါ်ရဲတာလဲဆိုတော့ ရှက်နေလို့နေမှာ၊ ညနေကအကြောင်းအရာကြောင့်ပင်။

ဖုန်းကိုင်ပြီး ချီတုံချတုံ ဖြစ်နေတုန်း သူ့လက်ထဲကဖုန်းလေးက တုန်ခါလာသည်။

သူဖုန်းscreenကို ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း ဉာဏ် ဆိုတဲ့သူပင်။

"ဟယ်လို....''

".............."

"အင်း....ပြောလေ....''

".............."

"တကယ်ဖြတ်လိုက်တာ၊ ကိုယ်မလာတော့ဘူး"

"..........."

"ကျွတ်....အဲ့အကြောင်းဆက်မပြောနဲ့"

".............."

"ဟာ...၊ မရဘူးနော် မလာခဲ့နဲ့''

".............."

"ကောင်းပြီ၊ ကိုယ်လာခဲ့မယ်''

"............"

"Ok ok...''

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now