အခန်း (၉)

2K 187 39
                                    

Unicode

သလင်းရုံးသို့ရောက်ကတည်းက အလုပ်လုပ်နေခဲ့ရာ ၁၁နာရီပင်ထိုးလုပြီ။သို့သော် Ceoဆိုသည့် ဘုန်းသာလျှံကရောက်မလာသေး။

သလင်းကိုယ်တိုင်လည်း အကြောင်းအရင်းမသိသောကြောင့် ဘုန်းသာလျှံရဲ့အတွင်းရေးမူး 'နေ့သစ်'ကိုရုံးခန်းထဲသို့ လှမ်းခေါ်လိုက်သည်။

ဒီနေရာမှာ တစ်ချက်ပြောစရာရှိနေသည်။

ဘုန်းသာလျှံသည် Ceo၊သလင်းသည် managerတစ်ဖြစ်လဲ tour guide။

သို့သော် တစ်ခန်းစီမနေကြ၊သလင်းအလုပ်သင်ဘဝတည်းကနေ အခုထိဘုန်းသာလျှံနှင့်တစ်ခန်းထဲအလုပ်တူတူလုပ်ရသည်။

အကြောင်းပြချက်ကို သလင်းမသိရဘဲ ဘုန်းသာလျှံတစ်ယောက်သာကောင်းကောင်းသိလိမ့်မည်။

သလင်းကတော့ တခြားဘာမှမတွေး၊ အလုပ်လုပ်ရဖို့သာ အာရုံစိုက်ထားသည်။

"ချောက်....''

တံခါးပွင့်သွားသည့်အသံနှင့်အတူ ခါးလေးကိုင်းကာ ရုံးခန်းထဲဝင်လာသည့် နေ့သစ်ကို မော့ကြည့်လိုက်သည်။

အသက်၂၀ခန့်ရှိပြီး၊ သွေးသစ်နှင့်အသက်မတိမ်းမယိမ်းလောက်ရှိမည်။သွေးသစ်လောက်တော့အရပ်မရှည်၊ ရှပ်လက်ရှည်အပြာရောင်အဖျော့နှင့်ဘောင်းဘီရှည်အနက်ကိုတွဲဖက်ဝတ်ဆင်ထားသည့် ယောက်ျားလေးတစ်ယောက်။

"သူဌေး...၊ကျွန်တော်ရောက်ပါပြီ''

သလင်း၏အလုပ်စားပွဲရှေ့တွင် ရိုကျိုးစွာရပ်လိုက်ရင်း သူကပြောလာသည်။

တစ်ရုံးလုံးက ဝန်ထမ်းတွေက ဘုန်းသာလျှံကို ဘော့စ်၊ သလင်းကိုတော့ သူဌေးဟုခေါ်ကြသည်။

ဘာကြောင့်လဲဆိုတာ သလင်းလည်းမသိ၊ လိုက်မေးကြည့်တော့ ဘုန်းသာလျှံကအဲ့လိုပဲခေါ်ဖို့ ပြောထားကြောင်းသိရသည်။

ဘာတွေလုပ်နေတာလဲ ကိုဘုန်းတစ်ယောက်ကတော့ဟု အထပ်ထပ်အခါခါ သူ့ကိုယ်သူမေးခွန်းထုတ်မိနေကျ။ကြာလာတော့လည်း ရိုးသွားသည်ထင်ပါ့။ ဘယ်လိုမှမနေတော့ပေ။

"ဟုတ််တယ်၊ ငါမေးစရာရှိလို့''

"ဟုတ်၊မေးပါ..''

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now