အခန်း (၁၄)

1.7K 184 94
                                    

Unicode

"ဂရုစိုက်ပြန်နော်....သားဘုန်း...ကားကိုဖြေဖြေးမောင်းနော်....

သားသလင်းလည်း စိတ်မကောင်းမဖြစ်နဲ့နော်..၊ နောက်တစ်ခေါက်ကျ ကြာကြာနေမယ်နော်...''

ဦးသာထင်နှင့်ဒေါ်မြတ်သူဇာတို့ စင်္ကါပူပြန်မည်ဖြစ်၍ သလင်းနှင့်ဘုန်းသာလျှံတို့က လေဆိပ်သို့ လိုက်ပို့ပေးနေခြင်းဖြစ်သည်။

"ကဲ မင်းတို့လည်း အလုပ်သွားရမှာမလား (၈)နာရီထိုးတော့မယ် ပြန်ကြတော့..၊ဒီခရီးက ငါတို့သွားနေကျပါကွ...''

"အလုပ်က်ို တစ်ခါတည်း တန်းသွားတော့မှာ ဒယ်ဒီ''

"ကောင်းပါပြီ..ကဲကဲ သွားကြတော့''

"ဟုတ် ဒယ်ဒီ၊ ပြန်ပြီနော် မာမီ''

"ဦးသာ တီမြတ်..၊ ဂရုစိုက်သွားနော်..၊ ကျွန်တော်တို့ပြန်တော့မယ်''

နှစ်ယောက်လုံးက ​ရှေ့ဆင့်နောက်ဆင့် နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် ကားပါကင်မှ ကားက်ို ယူပြီး ကုမ္ပဏီသို့တန်းမောင်းသွားကြတော့သည်။

*******

ရုံးရောက်တော့လည်း ကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေကြသဖြင့် စကားမပြောမိကြသေး။

အဲ့ဒါထက်အရေးကြီးတာက သလင်းရဲ့ သွေးသစ်ပေါ်ရှိနေတဲ့ ခံစားချက်ကို နောက်ဆုံးတစ်ကြိမ် ပြန်လည်ဆန်းစစ်နေခြင်းဖြစ်သည်။

Computerကိုကြည့်ရင်း ကြက်သေသေနေသည့်ပုံစံဖြစ်နေသော သလင်းကို ဘုန်းသာလျှံသတိထားကြည့်မိနေသည်။

သလင်း ဒီလိုဖြစ်တာ ဘုန်းသာလျှံနဲ့အလုပ်တွဲလုပ်လာသည့် တစ်လျှောက်လုံး တစ်ခါမှမမြင်ဖူး၍ဖြစ်သည်။

အလုပ်လုပ်ရင် တခြားဘယ်ကိုမှ အာရုံမရောက်ဘဲ အလုပ်ကိုသာ တစ်စိုက်မက်မက်လုပ်နေတတ်သည့်လူက အခုတော့ တငေးတငိုင်နှင့် ရှိနေလေရဲ့။

"သ..လင်း.. နွေ..''

ဘုန်းသာလျှံက အသံကိုခပ်မြင့်မြင့်ထားပြီး အော်ခေါ်လိုက်ကာမှ သလင်းက ပြူးတူးပြဲတဲနှင့် ဟိုကြည့်ဒီကြည့်နှင့်ဖြစ်နေသည်။

(A/N. ပြူးတူးပြဲတဲဟုဆိုရာတွင် သူ့မျက်လုံး၊မျက်ခုံးနှင့် နှုတ်ခမ်းပါးပါး မေးရိုးသွယ်သွယ်တို့ကြောင့် ရုပ်လေးက ချစ်စဖွယ်လေးဖြစ်​နေသည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now