အခန်း (၇)

2.1K 214 30
                                    

Unicode

"ဒါဆို ကျွန်တော်ရောလိုက်ခဲ့မယ်လေ"

စင်တာဘေးတွင်ရှိသော ရေခဲမုန့်ဆိုင်လေးတွင် သလင်းနှင့်သွေးသစ်ဉာဏ်တို့စကားပြောနေကြလေသည်။

"ဘာလိုက်လုပ်မှာလဲ''

"သလင်းကြီးပြင်းခဲ့တဲ့နေရာလေးတွေကို မြင်ဖူးချင်လို့...''

"ကိုယ်ကမိဘမဲ့ကျောင်းမှာနေခဲ့တာနော်၊ ဘာမှထူးဆန်းတာမရှိဘူး"

"သလင်းက မခေါ်ချင်ဘူးလား"

သလင်း သွေးသစ်ကိုမနက်ဖြန် ဂေဟာသွားမယ့်အကြောင်းပြောပြလိုက်၍ သွေးသစ်ကလိုက်ရန်ပူဆာနေခြင်းဖြစ်သည်။တစ်ပတ်လောက်မတွေ့ရတော့ မေ့သွားလောက်ပြီးဟု သလင်းတွေးနေတုန်း မထင်မှတ်ဘဲရောက်လာသည်။ရောက်လာတော့လည်း တစ်ခုမဟုတ်တစ်ခု ဂျီကျနေသည်။ ဒီလို ဂျစ်တစ်တစ်ကောင်လေးက်ို တုတ်နဲ့ခပ်စပ်စပ်လေးရိုက်ပစ်ချင်သည်ဟုသလင်းတွေးရင်း ပြုံးမိနေသည်။

"ဟေး..ဟေး...၊ ဒီမှာ.....''

သလင်းမျက်နှာရှေ့က လက်ကိုဝှေ့ရမ်းရင်းခေါ်လိုက်မှ သလင်းသတိပြန်ဝင်လာသည်။

"ဆောရီး...၊ ဘာပြောတာလဲ''

"မနက်ဖြန် မခေါ်ချင်ဘူးလားလို့မေးနေတာ၊ တကယ်ပါ စိတ်တွေကဘယ်လွှင့်နေတာလဲမသိဘူး၊ နောက်ခါကျွန်တော်နဲ့ရှိနေရင် ဘယ်ကိုမှစိတ်မရောက်စေနဲ့ သလင်း''

"ကိုယ့်အတွေးနဲ့ ကိုယ်ပဲ..၊ဘာတွေးတွေးပေါ့''

သလင်းပြန်စချင်တာကြောင့် သွေးသစ်ကိုစိတ်မရှည်သလို ခပ်တင်းတင်းပြောလိုက်သည်။

"ပြန်တော့မယ်၊ ညကျမနက်ဖြန်လိပ်စာလှမ်းပို့ပေး''

"တကယ်ပြန်တော့မှာလား''

"ပြန်မှာလေ၊ ခင်ဗျားကတခြားကိုစိတ်ရောက်နေတာလေ၊ ကျွန်တော်ထိုင်နေလဲအလကားပဲ''

စိတ်ဆိုးသွားမှန်းသလင်းသိလိုက်သည်။သူများကျဟိုပြောဒီပြောနဲ့ သူ့ပြောတော့ကျ ယောက်ျားကြီးဖြစ်ပြီး စိတ်ဆိုးသေးသည်။သလင်း ချက်ချင်းပဲ ရယ်ချင်စိတ်ကိုထိန်းကာ မျက်နှာငယ်လေးလုပ်ပြီး၊

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now