အခန်း (၂၂)

1.8K 194 45
                                    

[Unicode]

"မောင်.....''

နှုတ်ခမ်းဖျားမှ အသာလေးရေရွက်ကာ သွေးသစ်နားကပ်သွားလိုက်ကာ ကုတင်ဘေးစောင်းလေးတွင် ဝင်ထိုင်လိုက်၏။

အိပ်ယာတွင်အိပ်ပျော်နေသော သွေးသစ်သည် တဆတ်ဆတ်တုန်နေသည့်အတွက် သွေးသစ်၏နဖူးပြင်လေးအား သလင်းလက်ဖဝါးလေးနှင့် စမ်းကြည့်လိုက်သည်။

နဖူးနှင့်လည်ပင်းတစ်ဝိုက်တွင် ချွေးများစို့ကာ နှုတ်ခမ်းမှ ညည်းသံအချို့ထွက်နေလေ၏။

ကိုယ်ပူပြီး ချွေးစို့နေသည့်အတွက် အပူရှပ်ပြီးဖျားနေသည်ဟုတွေးလိုက်ပြီး ရေပတ်တိုက်ပေးရန် စဥ်းစားမိလိုက်သည်။

ချစ်သူကိုစိတ်ဆိုး၍ အဆက်အသွယ်မလုပ်ဘဲ ခရီးထွက်သွားပြီး ခရီးကပြန်ရောက်ရောက်ချင်း အချော့မခံရဘဲ ချော့မယ့်သူက လူမမာဖြစ်နေ၍ လူမမာကိုပြန်ပြုစုနေရသည့် မိမိအဖြစ်ကိုတွေးကာ ခေါင်းသာခါမိတော့၏။

ဇလုံတစ်ခုထဲတွင် ရေပူရေအေးအနေတော်ရောစပ်ကာ တဘက်အသေးတစ်ထည်ယူကာ ရေပတ်တိုက်ပေးရန် ပြင်ဆင်လိုက်သည်။

ကုတင်ဘေးရှိစားပွဲပေါ်တွင် ရေဇလုံကိုတင်ထားလိုက်၏။

သွေးသစ်ခြုံထားသော စောင်ကို ခါးထိပြောင်းခြုံပေးကာ သွေးသစ်ဝတ်ထားသည့် ရှပ်လက်ရှည်ကိုချွတ်ရန်ကြိုးစားလိုက်သည်။

သလင်း၏ သွယ်လျလျလက်ချောင်းလေးများသည် သွေးသစ်၏ရင်ဘက်ပေါ်မှ ကြယ်သီးလေးများတွင် လှုပ်ရှားနေလေ၏။

အင်္ကျီချွတ်ပြီးသွားကာမှ တဘက်ကိုရေစွက်ကာ ရေပြောင်အောင်ပြန်ညှစ်လိုက်ပြီး သွေးသစ်၏နဖူးပေါ်တွင် တင်ထားလိုက်သည်။

နောက်တဘက်တစ်ထည်ကိုလည်း ရေစွတ်ပြီး ရေပြောင်အောင်ညှစ်ကာ မျက်နှာနှင့်လည်ပင်းတစ်ဝိုက်ကို ညင်သာစွာရေပတ်တိုက်ပေးနေ၏။

လည်ပင်းမှတဆင့် ရင်ဘက်သို့ဆက်တိုက်ပေးသည်။

တင်းရင်းနေသည့် အမြှောင်းခြောက်မြှောင်းနှင့် ဝမ်းဗိုက်ကြွက်သားတွေကို တိုက်ပေးနေချိန်မှာတော့ သလင်းသည် ရေဆာသလိုဖြစ်လာကာ တံတွေးမြိုချမိသည်မှာ အကြိမ်မနဲ။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now