အခန်း (၈)

2K 205 70
                                    

Unicode

"ကိုဘုန်း...''

သလင်း ခေါ်လိုက်တော့မှ မလှမ်းမကမ်းမှာရပ်နေသည့် ဘုန်းသာလျှံက သလင်းတို့အနားလျှောက်လာသည်။သွေးသစ်ထံမှ ပေစောင်းစောင်းအကြည့်တွေက ဘုန်းသာလျှံဆီသ်ို့။

"ဘယ်လိုရောက်လာတာလဲ"

"ကိုယ်က သလင်းမသိအောင်လိုက်လာပြီး surpriseလုပ်မလို့လေ...၊ ဒါနဲ့ သူက...''

ဘုန်းသာလျှံက သွေးသစ်ဘက်လှည့်ကြည့်ကာမေးလာသည်။

"သြော် သူ့နာမည်က သွေးသစ်ဉာဏ်တဲ့၊ Tourism တတိယနှစ်ကလေ၊ ဟိုတစ်ခါသူတို့ကျောင်းကခရီးကို ကျွန်တော်guideလုပ်ပေးရင်းသိခဲ့တာလေ''

သလင်းက ဘုန်းသာလျှံကို ပြောပြနေသည်။

"ကျိုက်ထီးရိုးခရီးစဥ်လား''

"ဟုတ်တယ် ကိုဘုန်း''

သလင်းက သွေးသစ်ဘက်လှည့်ကာ၊

"ဉာဏ်...ဒါကဦးဘုန်းသာလျှံတဲ့၊ ကိုယ်အလုပ်လုပ်နေတဲ့ "Future"ရဲ့Ceo''

"တွေ့ရတာဝမ်းသာပါတယ် ဦးဘုန်းသာလျှံ''

"ကိုယ့်ဘက်ကလည်း ဝမ်းသာရပါတယ်''

သလင်း မိတ်ဆက်ပေးလိုက်တော့ အချင်းချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြသည်။မြွေမြွေချင်း ခြေမြင် ဆိုသလို နှစ်ယောက်လုံးရဲ့အကြည့်တွေက မီးပွင့်မတတ်။

"ကိုဘုန်း...ဘာစားပြီးပြီလဲ''

"အင်း..ကိုယ်ဘာမှမစားရသေးဘူး''

"ကျွန်တော်တို့လည်း ဘာမှမစားရသေးဘူး၊ ၁၁နာရီတောင်ကျော်နေပြီဆိုတော့ တစ်ခုခုသွားစားရအောင်၊ ဉာဏ်ရော ဗိုက်ဆာနေပြီလား''

"ကျွန်တော်ကရတယ်၊ သလင်းစားချင်ရင်သွားစားကြတာပေါ့''

သွေးသစ်ထံမှ စကားကြောင့် ဘုန်းသာလျှံမျက်မှောင်ကြုတ်သွားသည်။

"နေပါဦး၊ မင်းက သူ့ကိုသလင်းလို့ခေါ်တာလား''

"ဟုတ်တယ်လေ၊ အဲ့ဒါခင်ဗျားနဲ့ဘာဆိုင်လဲ''

သွေးသစ်က သလင်းကို သလင်းဟုခေါ်လိုက်သည်က်ို ဘုန်းသာလျှံကမကျေနပ်၍ မေးလိုက်ခြင်းဖြစ်သည်။ဒါကို ဘုကလန့်ကောင် သွေးသစ်က ရန်စကားနဲ့ဆီးကြိုလိုက်တော့ အခြေအနေတင်းမာသွားရသည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now