အခန်း (၁၇)

1.7K 192 59
                                    

Unicode

"Future'' Travelling and Hotels (50'th Aniversary Ceremony)

အဆိုပါပွဲအခမ်းအနားကို ''Future''၏ ပွဲအခမ်းအနားအမျိုးမျိုးအတွက် လက်ခံကျင်းပသည့် ခန်းမကျယ်ကြီးအတွင်းတွင် ခမ်းနားလှပစွာ ပြင်ဆင်ထားလေသည်။

ထိုခန်းမကျယ်ကြီးသည် ကုမ္ပဏီဝန်းဧရိယာ၏ အလယ်တည့်တည့်တွင် တည်ရှိနေပြီး ခန်းမ၏ ဘေးတစ်ဖက်တွင် ''Future''ရဲ့ ပင်မအဆောက်အအုံ(သလင်းတို့အလုပ်လုပ်သည့်အပေါ်ထပ်နှင့်အောက်ထပ်တွင် ဧည့်သည်များအတွက်စားသောက်ခန်းရှိသည့် အဆောက်အအုံ) ရှိလေသည်။

ခန်းမနှင့် ပင်မအဆောက်အအုံ၏ မျက်နှာစာမှလွဲ၍ ကျန်ဘေးနှစ်ဖက်နှင့် နောက်ကျောတွင် သုံးထပ်အမြင့်ရှိသည့်  အခန်းငယ်များဖြင့်ဖွဲ့စည်းထားသော တိုက်ခန်းတွဲများရှိလေ၏။

ခန်းမထဲတွင် တခမ်းတနားဖွဲ့နွဲ့ထားပြီး အရောင်စုံအောင် ပြင်ဆင်ထားပုံကလည်း တကယ့်ပန်းမြိုင်အလယ်သို့ ရောက်သွားသလိုပင်။

အမျိုးအစား၊ အရောင်အသွေး စုံလင်လှသည့် ပန်းအမျိုးအစားများစွာကိုလည်း မတ်တပ်ပန်းအိုးများဖြင့် ရိုးရှင်းလှပစွာ ပြုလုပ်ထားသည်။

ခန်းမအတွင်းတွင် ရောင်စုံစားပွဲခင်းများနှင့်အတူ  တန်ဖိုးကြီး၊နာမည်ကြီး အစားအသောက်များကို တည်ခင်းဧည့်ခံထားလေသည်။

မတိုးလွန်း မကျယ်လွန်းလှသည့် ဂီတသံငြိမ့်ငြိမ်လေးက ပွဲတက်လာသူအပေါင်းရဲ့ နားထဲဝယ် သာယာငြိမ့်ညောင်းစွာထွက်ပေါ်နေလေရဲ့။

ခင်မင်ရင်နှီးသည့် လုပ်ငန်းရှင်ကြီးများအပါအဝင် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများလည်း ဒီပွဲက်ို တက်ရောက်လာကြသည်။

မိုးပြာရောင်ထဲမှာမှ ငွေရောင်အလက်လက်တောက်ပနေသည့် အနောက်တိုင်းဝတ်စုံကို ခန့်ညားသပ်ရပ်စွာ ဆင်မြန်းထားသည့် သလင်းနှင့်..

အပြာရော့ရောင်အနောက်တိုင်းဝတ်စုံကို သေးသွယ်သော ခန္ဓာကိုယ်လေးပေါ်တွင် ကပ်ကပ်ရပ်ရပ်ဝတ်ထားပြီး ဆွဲဆောင်မှုရှိနေလှသည့် နေ့သစ်တို့သည်....

ခန်းမတံခါးဝတွင်ရပ်ကာ ကျက်သရေမင်္ဂလာရှိရှိရောက်လာကြသော ဧည့်သည်အပေါင်းတို့ကို တရိုတသေနဲ့  လက်ဆွဲကြိုဆိုနေကြလေ၏။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now