အခန်း (၂၃)

1.6K 163 58
                                    

{Unicode}

Companyအတွင်းမှ အသီးသီးထွက်လာကြသည့် ဝန်ထမ်းများ၏မျက်နှာထက်မှ အပြုံးလေးတွေက ဒီနေ့သည် ရက်တစ်ပတ်တာ၏ သောကြာနေ့ဖြစ်ကြောင်းသက်သေပင်။

သွေးသစ်သည် သူ့ပုံမှန်လုပ်နေကျဖြစ်သည့်အတိုင်း သလင်းအားလာကြိုခြင်းဖြစ်သည်။

ကားပါကင်ဧရိယာတွင်ကားရပ်ကာ ကားပေါ်မှာပဲထိုင်နေပြီး ပင်မအဆောက်အအုံဘက်သို့ကြည့်မျှော်နေ၏။

ကားပါကင်နှင့်ပင်မအဆောက်အအုံကြားတွင် မယ်ဇယ်လ်ပင်နှင့်ခုံတန်းလျားလေးများရှိသည်။

ဝန်ထမ်းများအကုန်ထွက်သွားတော့မှ နေ့သစ်နှင့်အတူထွက်လာသည့် သွေးသစ်၏အသည်းအသက်လေး သလင်းနွေ။

သွေးသစ်သည် ကားပေါ်မှဆင်းကာ နေ့သစ်နှင့်စကားပြောနေသည့် သလင်းအားဖုန်းခေါ်လိုက်တော့ သလင်းက ဖုန်းကိုချက်ချင်းကိုင်သည်။

သွေးသစ်က သူရပ်နေသည့်နေရာကို ပြောလိုက်သည့်အတွက် သလင်းသည် ဖုန်းပြောနေရင်းပဲ သွေးသစ်ဘက်သို့လှည်ကြည့်လာတော့ သွေးသစ်က လက်ပြလိုက်သည်။

ဖုန်းချလိုက်ပြီး နေ့သစ်ကို နှုတ်ဆက်ကာ မိမိဆီလျှောက်လာနေသည့် သလင်းအား သွေးသစ်ပြုံးပြီးကြည့်နေလိုက်၏။

ကားနားရောက်လာသည့် သလင်းလက်ထဲမှ ဖိုင်တွဲတွေကို သွေးသစ်က ယူလိုက်ပြီး သလင်းအတွက်ကားတံခါးကိုဖွင့်ပေးလိုက်သည့်ရာ သလင်းလည်း ကားပေါ်တက်လိုက်တော့သည်။

ဒီလိုအပြုအမူ၊ အပို့အကြိုတွေလုပ်ပေးတာလည်း အချိန်တစ်ခုရောက်လာပြီမှာမငြင်းသာ။

အခုဆို သွေးသစ်နှင့်ဘုန်းသာလျှံသည်လည်း နည်းနည်းတော့ ပြေလည်လာသယောင်။

သလင်း၊ သွေးသစ်၊ နေ့သစ်၊ မင်းသန့်ကိုကို တို့လည်း အတိုင်းအတာတစ်ခုထိ ရင်းနှီးနေကြလေပြီ။

ဘုန်းသာလျှံသည်လည်း နေ့သစ်နှင့်မင်းသန့်ကိုကိုတို့အကြောင်းကို သိရှိလက်ခံပြီးသားပင်။

အရာရာဟာ သူ့ဟာနဲ့သူတော့ နေသားကျနေခဲ့ပြီ။

သွေးသစ်သည် ကားထဲဝင်ထိုင်ကာ ဖိုင်တွဲများကို ကားနောက်ခန်းက ခုံပေါ်တင်လိုက်သည်။

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now