အခန်း (၆)

2.2K 236 36
                                    

Unicode

သွေးသစ် သလင်းနဲ့ဖုန်းပြောပြီးနောက် ဆိုင်တစ်ဆိုင်တွင်စောင့်နေလိုက်သည်။နာရီဝက်ခန့်ကြာတော့ ဆိုင်ရှေ့တွင်ထိုးရပ်လာသော တက္ကစီတစ်စီးပေါ်က သလင်းဆင်းလာသည်။ဆိုင်ထဲဝင်လာပြီးနောက် သွေးသစ်ရှိရာစားပွဲတွင်ဝင်ထိုင်လိုက်သည်။

"စောင့်ခိုင်းမိတဲ့အတွက် ဆောရီးပါ၊ကိုယ်လည်းအမြန်လာတာပဲ၊အလုပ်တွေက မပြတ်သေးတာကြောင့် နောက်ကျသွားတာ''

"ရပါတယ်၊ကိစ္စမရှိပါဘူး''

"ရောက်နေတာကြာပြီလား''

"အင်း''

လက်ထဲကဖုန်းကိုသာကြည့်ပြီး စကားပြောနေသည့်အတွက် သွေးသစ်စိတ်ဆိုးနေပြီဖြစ်ကြောင်း သလငိးအတပ်သိလိုက်သည်။

"စိတ်ဆိုနေတာလား....၊ဒီလိုစိတ်ဆိုးနေမယ်ဆိုရင် နောက်ခါထမင်းအတူစားဖို့မစဥ်းစားတာပဲကောင်းမယ်''

Menu cardကိုကြည့်ရင်းပြောလိုက်သည့် သလင်း။ပြောလည်းပြောသင့်သည်၊အချိန်တိုင်း သွေးသစ်အနိုင်ပိုင်းတာကို သလင်းသည်းခံနေခဲ့ရတော့ အခွင့်အရေးရတုန်း သလင်းကပြန်ပြီးအနိုင်ပိုင်းချင်လာသည်။မသိစိတ်ဆီက တောင့်တလာသည့် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုသည့်ချစ်ခြင်းမျိုး။သို့သော် ချစ်သူတွေမဟုတ်ကြသေး၊ချစ်သူတွေဖြစ်ဖို့နေနေသာသာ ခင်တာဖြင့်ရက်ပိုင်းသာသာ ရှိသေးသည်။ဒါဆို ဘာလို့ဒီလောက်ထိ ရင်းနှီးသလိုဖြစ်နေရတာလဲလို့ မေးလာရင်တော့ သလင်းမှာ လုံလောက်သည့်အဖြေမရှိပေ။သွေးသစ်တွင်တော့ ရှိကောင်းရှိနေလိမ့်မည်။

"အင်း....စိတ်မဆိုးဘူး၊ ဘာစားချင်လည်းမှာတော့မလား''

"ဉာဏ် လည်းဗိုက်ဆာနေပြီမလား၊မှာလိုက်ရအောင်''

နီးရာစားပွဲထိုးလေးကို လှမ်းခေါ်လိုက်တော့ စားပွဲထိုးလေးက ချက်ချင်းပင်ရောက်လာသည်။

"ကိုယ့်ကို ဆိတ်သားမွှကြော်နဲ့ထမင်းကြော် တစ်ပွဲပေး၊လိမ္မော်ရည်တစ်ခွက်ရော''

"အက်ို့ကို ကြက်သားကြော်နဲ့ထမင်းကြော်ပေး၊ပြီးရင် cokeတစ်ဘူးပေး..၊ရပြီ ညီလေး ဒါပဲ''

ချစ်သူ့ရင်ခွင်ထက်ဝယ် (မောင့်ချစ်သူ) [ Complete ] Where stories live. Discover now