ကလေးရဲ့လူကြီး(Part-1)

1.6K 89 8
                                    

Unicode
_________

"Omma....မလုပ်နဲ့...ရပ်လိုက်..လက်လွန်မယ်နော်..omma"

"ဟမ်..ဘာကိုလက်လွန်ရမှာလဲ..လက်လွန်ပြီး​သေသွားလည်း..နောက်တစ်ယောက်ထပ်မွေးလိုက်မယ်"

"ဟာ...Ommaတို့က အသက်ကြီးနေပြီလေ..သွေးတောင်ဆုံးနေပြီလားတောင်မသိဘူး..ဘယ်လိုလုပ်နောက်တစ်ယောက်ထပ်မွေးလို့ရမလဲ"

"ဒီကလေး..ပြောလေကဲလေပဲ..မပြေးနဲ့..ရှောင်လုဟန်."

"ဟုတ်တယ်လေ.ommaရဲ့..ommaသွေးမဆုံးရင်.appaပန်းသေနေမှာပေါ့"

"ဘာ!!!ဘယ်သူငါ့ကိုပန်းသေတယ်ပြောတာလဲ"

အောက်ထပ်ကသားအမိနှစ်ယောက်ရဲ့.စစ်ပွဲ
ကြောင့်..အပေါ်ထပ်မှဆင်းလာသော.appa၏အော်သံကြောင့်..စစ်ပွဲခနတိတ်ဆိတ်သွားသည်။

"အာ..appa...လုလုကစတာပါ..ချိတ်မဆိုးပါနဲ့"

"မင်းငါ့အစွမ်းအစကိုမသိပဲနဲ့..လျှောက်မပြောပါနဲ့..ငါသိက္ခာကျတယ်...နော်မိန်းမ"

ရှေ့တွင် ကော်ဖီထည့်နေသောommaကိုလှမ်းကျီစယ်လိုက်တော့..ommaကလည်းပြန်ကျီစယ်ပါတယ်။ကော်ဖီခွက်နဲ့ကောက်ပေါက်မည်ဟူသောအဓိပ္ပါယ်နဲ့.ခွက်ကိုမြောက်ကာပြတော့..appaဇက်ကလေးပုဝင်သွားသည်။

ဒီလင်မယားနှစ်ယောက်ရဲ့တစ်နေ့တစ်နေ့အချစ်စခန်းကမရိုးနိုင်အောင်ကြည့်ရပေသည်။သို့သော်.သူတို့ကိုကြည့်ရတာ..စိတ်ချမ်းသာရသည်။မိဘတွေအခုလိုချစ်ကြည်နူးနေတာကို..ဘယ်သားသမီးကသဘောမကျပဲနေလိမ့်မလဲ။

"မနက်စောစော.သားမိနှစ်ယောက်ဘာတွေဖြစ်နေကြတာလဲ.."

Ommaမျက်စောင်းလေးရောထည့်ထားတဲ့ ကော်ဖီကိုသောက်ကာ..မေးလိုက်သည်။

"ဘာဖြစ်ရမလဲ..ရှင့်သားမွှေတာပေါ့."

"မင်းကလည်း..ငါ့သားမွှေတာ..ငါသိတာပေါ့..ငါတင်မကဘူး..တစ်လမ်းလုံးသိနေတဲ့ဟာကို.."

"Appaကလည်း..သားကမွှေတာမဟုတ်ပါဘူး..သူ့ဘာသာသူပေါက်ကရဖြစ်သွားတာ"

"တော်ပါ..အမြဲပေါက်ကရနိုင်လွန်းတယ်.."

Ommaကလည်းဟုဆိုကာ..ခေါင်းလေးငုံ့ပြီးကော်ဖီဆက်သောက်နေလိုက်တယ်။

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now