Unicode
_______ဘွဲ့ယူပြီးပြီးချင်း..ချန်းညောလ်ဘတ်ဟျွန်းဆီကို..အပြေးလာခဲ့သည်။ဘတ်ဟျွန်းအိမ်ကိုရောက်တော့..အိမ်ရှေ့တွင်..ဒူးနှစ်ဖက်ကြားမျက်နှာအပ်ကာ.ထိုင်နေသော..ဘတ်ဟျွန်းကို..တွေ့လိုက်ရသည်။
"ဘတ်ဟျွန်း..ဘာဖြစ်နေတာလဲ"
ချန်းညောလ်ရဲ့အသံကြောင့်..ခေါင်းထောင်လာသောဘတ်ဟျွန်းရဲ့..မျက်နှားပေါ်မှာ..မျက်ရည်လေးများတွဲလွဲခိုလျက်..
ငိုနေသည့်သူတစ်ယောက်အတွက်နှစ်သိမ့်ပေးမည့်သူတစ်ယောက်ကိုတွေ့သည့်အခါ..အားကိုတကြီးနှင့်ဖက်တွယ်မိတတ်ကြသည်။
"ဘတ်ဟျွန်း..ဘာဖြစ်လို့ငိုနေတာလဲ..ငါ့ကိုပြော"
"ချန်းညောလ်..appa...appaကိုပြန်ခေါ်ပေးပါ..နော်..appaကိုငါ့ဆီပြန်ခေါ်ပေးပါ..ငါအမှားတွေကိုတောင်းပန်ချင်လို့.."
"ဘာဖြစ်တာလဲ..ဘာဖြစ်တာလဲလို့...ငါ့ကိုပြောပြလို့ရတယ်လေ"
ဘတ်ဟျွန်းပြန်မဖြေပဲသည်းထန်စွာငိုနေလေသည်။
ခနအကြာမှ..
"appa..ဆုံးသွားပြီ..appaငါတို့ကို..ထားသွားပြီကွ"
"ဘယ်လို....ဦးလေးကဘာကြောင့်လဲ"
"appaက..ကင်ဆာနောက်ဆုံးအဆင့်တဲ့..ငါတို့ကိုဘာလို့မပြောခဲ့ရတာလဲ..ငါတို့ဘာလို့မသိခဲ့ရတာလဲ...တစ်ယောက်ထဲကျိတ်ခံစားခဲ့ရတဲ့appaကို..ငါကဘာလို့..ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုခဲ့ရတာလဲ.."
ဘတ်ဟျွန်း..ရှိုက်ကြီးတငင်ငိုနေတော့..သူရဲ့နှလုံးသားကလည်းမခံနိုင်.ဘတ်ဟျွန်းနဲ့အတူမျက်ရည်ကျမိသည်
"appaက...ငါတို့ကို.ဒုက္ခမခံစေချင်လို့..ငါတို့ကိုစိတ်မညစ်စေချင်လို့..ငါတို့သူ့အနားက.ထွက်သွားအောင်တမင်လုပ်ခဲ့တာကွ..ဒါကို..မသိပဲ..အဲ့ဒါကိုမသိပဲ..ငါ.ငါ"
ဆက်ပြောရန်ပင်အင်အားမရှိတော့..ချန်ညောလ်ကလည်းအလိုက်သိစွာ..ဘတ်ဟျွန်းကိုဖက်ကာ..နှစ်သိမ့်ပေးလိုက်သည်။
ဒီလိုနဲ့..ဘတ်ဟျွန်းအဖေရဲ့ရက်လည်နေ့ကိုရောက်လာခဲ့သည်။
"ဘတ်ဟျွန်း..အဆင်ပြေတယ်မလား"
"ပြေပါတယ်ကွာ..."

YOU ARE READING
ကလေးရဲ့လူကြီး။ (Complete)
FanfictionOh sehun:::ဘယ်သူ့ကိုမှ..ထပ်ချစ်လို့ မဖြစ်ဘူး..ဘယ်သူ့ကိုမှလည်းထပ်ပြီးချစ်လာမှာမဟုတ်ဘူး Xiao Luhan:::ခင်ဗျားက ကျွန်တော့် အတွက်ပဲလူကြီး..ခင်ဗျားရှောင်ပြေးလို့ရမယ်မထင်နဲ့. #HunHan #fanfic Thanks to all the readers. Author..Nun Hnin