19 June

273 38 3
                                    

HAPPY BIRTHDAY Our Mother Su🌹🌹🌹

အမေ့သားတွေသမီးတွေက ပန်းလေးတွေဆင်မြန်းပြီး အမေအလာကိုစောင့်ကြိုနေကြတယ်..အမေ့မြေးလေးတွေကလည်း..ဘွားစုအတွက် ပန်းလေးတွေပန်ပြီး.ကြိုဆိုနေကြတယ်..အမေသာမြင်ရင်ဘယ်လောက်တောင်ချစ်လိုက်မလဲ။

လူငယ်တွေကိုလည်း.နိုင်ငံရေးစိတ်ဝင်စားစေချင်တယ်ဆိုတဲ့အမေ့စကားက အရာထင်ခဲ့ပြီ။အရင်က
ဂိမ်းတွေ၊Idolတွေပဲစိတ်ဝင်ခဲ့တဲ့ သမီးတို့သားတို့တွေက အခုSpeak outတွေလုပ်ကြတယ်၊တိုက်ပွဲဝင်ကြတယ်၊အလှူအတန်းတွေလည်းအများကြီးလုပ်ကြတယ်၊ပြည်သူအချင်းချင်းလည်းရိုင်းပင်းကူညီကြတယ်အမေ။

အနုပညာရှင်တစ်ချို့ကလည်း..သူတို့ချစ်တဲ့အနုပညာကိုစွန့်လွှတ်ပြီး.ပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ကြပြီ.၊တစ်ချို့ကလည်း တောနက်ထဲမှာအခက်အခဲများစွာနဲ့နေထိုင်နေရတယ်..အဲဒီလိုအခက်အခဲတွေနဲ့ရှိနေသော်လည်းသူတို့ဂုဏ်ယူနေတယ်။

ဆရာဝန်တွေ၊သူနာပြုတွေ၊အင်ဂျင်နီယာတွေ၊မီးရထား၊မီးသတ်၊လျှပ်စစ်ရုံးကဝန်ထမ်းတွေနဲ့ တခြားသော အဘက်ဘက်ကဝန်ထမ်းတွေအလုပ်သမားတွေလည်း သူရဲကောင်းတွေဖြစ်လာကြပြီ။

အရင်ကဘာကိုမှစိတ်မဝင်စားတဲ့လူငယ်တွေကလည်းနိုင်ငံချစ်စိတ်တွေလည်းဖြစ်လာပြီ။တစ်ဦးနဲ့တစ်ဦးစာနာထောက်ထားရိုင်းပင်းကူညီစိတ်ကလေးတွေလည်းပိုတိုးလာပြီ။သမီးတို့သားတို့ရဲ့ဒီနိုင်ငံကြီးတိုးတက်ဖို့ဘာမှမလိုတော့ဘူး။

အမေရှိနေဖို့ပဲလိုအပ်တယ်။သမီးတို့သားတို့ရဲ့ခေါင်းဆောင်က လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး..ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့
အမေပဲ🌹❤

#Ah Hnin
#Crd_WeAreOneCharityOfMyanmarEXOLs

ကလေးရဲ့လူကြီး။ (Complete)Where stories live. Discover now